EPISODE · Oct 4, 2025 · 3 MIN
Save most of your income. Be debt free. Invest proportionally.
from ဒီနေ့အတွက်စကား · host Padamyar FM
လူတိုင်းက သူဌေးတွေလိုပဲ ငွေသုံးချင်ကြပါတယ်။တကယ်က သူဌေးတွေ ဘယ်လိုမျိုး ငွေရှာပြီး၊ ငွေစုလဲဆိုတာကို သိရဖို့ ပိုအရေး ကြီးပါတယ်။ဝင်ငွေနဲ့ ထွက်ငွေမျှတမှသာ အကြွေးအမြီကင်းပြီး စိတ်ချရတဲ့အနာဂတ်ဆီလျှောက်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ သူဌေးကြီးမဖြစ်ခင် သူဌေး တစ်ယောက်လို ငွေစုနည်းဆိုရင်ဘာတွေများဖြစ်မလဲ။ ဝင်ငွေရဲ့ အများစုကို စုပါ။ သူဌေးတွေက သူတို့ဝင်ငွေရဲ့ ၅၀% အထက်ကို မသုံးကြပါဘူး။ ချမ်းသာလေ ပိုစုလေပါပဲ။ အခုကတည်း ကနေထိုင်စားသောက်စရိတ်ကို ဖယ်ပြီးတော့ ဝင်ငွေရဲ့ ၅၀% နဲ့အထက် မသုံးမိအောင်နေကြည့်ပါ။ ဈေးဆစ်ပါ။ ဈေးဆစ်ရမှာ မရှက်ပါနဲ့။ ကိုယ့်ဘက်ကတိုးတောင်းရမှာလည်းမရှက်ပါနဲ့။ ဒါပေမဲ့ ကိုယ်တောင်းတဲ့ပမာဏ၊ ဆစ်တဲ့ပမာဏကလည်း ကျိုးကြောင်း ဆီလျော်ရမှာပေါ့နော်။လူငယ်၊ လူလတ်တွေက ဈေးဆစ်ရမှာ ရှက်တတ်ပါတယ်။ အဲဒီတော့ မတန်တဲ့ ဈေးတွေနဲ့ဝယ်မိတာ၊မတန် တဲ့ဈေးတွေနဲ့ ပေးမိတာတွေ ဖြစ်တတ်ပါတယ်။ အားမနာပါနဲ့။ အားနာတယ်ဆိုတဲ့စိတ်ကကိုယ့်ကို ဆုံးရှုံးမှုသာ ဖြစ်စေနိုင်မှာပါ။
Embed this episode
NOW PLAYING
Save most of your income. Be debt free. Invest proportionally.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.