EPISODE · Aug 27, 2024 · 3 MIN
သောကြာညမှာ One Fight ကြိုးဝိုင်းထဲကို ဝင်လာတော့မယ့် မြန်မာဖိုက်တာ စူပါရေချမ်း
from Dawei Watch Podcast · host Dawei Watch
One Fights ကတော့ မြန်မာဖိုက်တာတွေကို ဆက်တိုက်ဆိုသလိုပဲ ပွဲသွင်းပြီး နေရာပေးနေသလား ထင်နေရပါပြီ။ အခုတစ်ပတ်မှာလည်း One Friday Fights စင်မြင့်ထက်ဆီကို မြန်မာဖိုက်တာတစ်ယောက် ရောက်လာဦးမှာပါ။ အဲ့ဒီဖိုက်တာကတော့ စူပါရေချမ်းပါပဲ။ စူပါရေချမ်း ဆိုတဲ့နာမည်ကို ဘုန်းကြီးက မှည့်ခေါ်ပေးခဲ့တာလို့ ဆိုပါတယ်။ မြိုင်ကလေး ကူးဆိပ်အောက်ပိုင်းသားလေး စူပါရေချမ်းကို သူ့ပရိသတ်တွေက ဟိုးအရင်ကတည်းက One ဝင်ထိုးစေချင်ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အခုအချိန်ရောက်မှပဲ စူပါရေချမ်းက One Fights ဆီကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စူပါရေချမ်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီကိုရောက်ရှိပြီး သူထိုးမယ့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပါပြီ။ စူပါရေချမ်းကို One မှာ ပွွဲသွင်းပေးလိုက်သူက ဆရာစောဖြိုးဝေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ One Friday Fights 76 မှာ ဆရာစောဖြိုးဝေ ပွဲသွင်းခဲ့တဲ့ သန့်ဇင်၊ သွေးလင်းထက်နဲ့ အဲမွီ တို့ နိုင်ပွဲတွေ ရခဲ့တာကြောင့် စူပါရေချမ်းလည်း နိုင်ပွဲနဲ့ပွဲထွက်လာလေမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါပဲ။
Embed this episode
Ready to play
သောကြာညမှာ One Fight ကြိုးဝိုင်းထဲကို ဝင်လာတော့မယ့် မြန်မာဖိုက်တာ စူပါရေချမ်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.