Self-Acceptance is a very important thing in life. episode artwork

EPISODE · Jun 1, 2026 · 3 MIN

Self-Acceptance is a very important thing in life.

from ဒီနေ့အတွက်စကား · host Padamyar FM

ပျော်စရာတွေကို ဘယ်အချိန်ရှာတွေ့သလိုဆို ဖြစ်သမျှအကောင်းဆိုး ၊ အကြောင်းကျိုး အလုံစုံ နှင့် ကိုယ့်ဘဝရဲ့ တည်ရှိမှု မှန်သမျှ ကိုကျေနပ်လက်ခံနိုင်တယ်ဆိုတဲ့ စိတ်ကလေး ထားတတ်လာတဲ့ အချိန်မှာ ရှာတွေ့တယ်။ကျေနပ်လက်ခံတယ်ဆိုတာ ကိုယ်ဟာ ဘယ်နေရာ ၊ ဘယ်အဆင့်မှာ ဘယ်လိုလူဖြစ်နေနေကျေနပ်တာမျိုးပါ ။ လူတွေကြား ဘောင်ဝင်ဖို့ အတင်းမကြိုးစားဘူး ၊မတတ်နိုင် တာကိုမလိုချင်ဘူး မရနိုင်တာကို မမျှော်လင့်ဘူး။ မဖြစ်နိုင်တာကို အတင်းကြပ်မလုပ်ဘူး။မနေချင်သူကို ဆွဲမထားဘူး  ဆိုတဲ့ကျေနပ်တတ်မှုလေးပါ။ ကျေနပ်တယ်ဆိုတိုင်းလိုအင်ဆန္ဒမရှိတာ … နုံအတာမျိုး မဟုတ်ပဲ အခုဖြစ်နေတဲ့အခြေနေကို လက်ခံတယ် ၊အမြဲကြိုးစားနေပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်လာမယ်လို့ ယုံကြည်ချက်ထားခြင်းဖြစ်တယ် ။ အရာရာကို အလိုက်သင့်လေးသာ လက်ခံပြီး အတ္တတွေကို လျော့ပြီး နေထိုင်တဲ့အခါဘဝက အထိခိုက်နည်း​လာစေတယ်။ ပြန်မချစ်နိုင်တာတွေကိုလည်း လက်ခံလိုက်တယ်၊ကိုယ့်ကြောင့်မို့ လုပ်ရက်ကျသူတွေကိုလည်း ခွင့်လွှတ်လိုက်တယ် ။ အရာရာတိုင်းကိုလိုချင်လို့ မရဘူး ၊ ကောင်းတာတွေချည်း ဖြစ်ချင်နေလို့ မရဘူးဆိုတဲ့ အသိကို ရတဲ့အခါဘဝဟာ နေသာထိုင်သာရှိလာတယ် ။ ဒါက ငါ့ဘဝပဲ ငါပါပဲ ငါ့နေရာပါပဲ လို့ ကျေကျေနပ်နပ် လက်ခံလိုက်တဲ့အခါ လွတ်ငြိမ်းမှုကိုရှာတွေ့တယ် ။ ဒီလွတ်ငြိမ်းမှုပဲ ကိုယ်နဲ့တန်တဲ့အရာတွေ ၊ ကိုယ့်စိတ်နဲ့အံဝင်ခွင်ကျဖြစ်တဲ့ အရာတွေ ၊ သက်တောင့်သက်သာရှိစေတဲ့ ဆက်ဆံရေးတွေကို ရှာတွေ့စေတယ်။

Episode metadata supplied by the publisher feed · Published Jun 1, 2026

Embed this episode

NOW PLAYING

Self-Acceptance is a very important thing in life.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on June 1, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!