EPISODE · Jul 29, 2026 · 3 MIN
Self-Confidence Can Lead To Success In Life.
from ဒီနေ့အတွက်စကား · host Padamyar FM
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသလား။ယုံကြည်မှုလို့ ပြောလိုက်ရင် အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့တစ်စုံတစ်ခု ကို ယုံကြည်တဲ့ ခံစားချက် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ယုံကြည်ချက်ရှိခြင်းဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့် အရည်အချင်း ဒါမှ မဟုတ်အသိပညာကိုယုံကြည်စိတ်ချတယ်ဆိုတဲ့သဘောပါပဲ။ ဘဝတိုးတက်အောင်မြင်ဖို့ဆိုရင်ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဟာ များသောအားဖြင့် သူတို့ဘဝရဲ့ကိုယ်ပိုင်ဘဝနဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်တွေ ကိုအောင်မြင်အောင်စွန့်စားနိုင်စွမ်းရှိကြပြီး သူတို့ရဲ့အနာဂတ်အတွက်အကောင်းမြင်စိတ်နဲ့ လျှောက်လမ်းကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့သူတွေကတော့ သူတို့ရဲ့ ဘဝကိုအောင်မြင်နိုင်စွမ်းမရှိဘူး မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေရှိကြပြီး အပျက် သဘောဆောင်တဲ့အတွေးအမြင်များ ရှိကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (Self Confidence) ဟာ ဘဝကို တိုးတက် အောင် မြင်စေဖို့ သော့ချက်တစ်ခု ဖြစ်ပြီးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေတယ်ဆိုလည်း ပြန်လည် တည်ဆောက်မြှင့်တင်လို့ရပါတယ်။
Embed this episode
NOW PLAYING
Self-Confidence Can Lead To Success In Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.