EPISODE · Dec 16, 2025 · 3 MIN
Self-Control Is A Most Valuable Skill.
from ဒီနေ့အတွက်စကား · host Padamyar FM
၂၁ ရာစုမှာ လူလာဖြစ်နေတဲ့ လူတိုင်းအတွက် ဘာ skill ကအရေးအကြီးဆုံးလဲလို့မေးရင် Self Control လို့ဆိုရပါမယ်။ကိုယ့် ကိုယ် ကို ထိန်းချုပ်နိုင်ခြင်းက တန်ဖိုးအရှိဆုံး skill ဖြစ်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နေ့စဉ်ရှင်သန် နေထိုင်နေရတဲ့ပတ်ဝန်းကျင်က simulator တွေအရမ်းများပါတယ်။နားထောင်တဲ့သီချင်း ဖတ်နေတဲ့ စာတွေနဲ့ ကြည့်နေတဲ့ ရုပ်ရှင်တွေဟာ ကျွန်တော်တို့ရဲ့ emotion တွေကို လှုံ့ဆော်ဖို့အတွက် design ဆွဲထားတာမို့ကောင်းတဲ့ ဘက်ကကြည့်ရင်လဲ ကိုယ်လိုချင်တဲ့ Mood နဲ့ Vibeတွေကို ပြောင်းယူလို့ရတယ်။ပြင်ပ simulator တွေရဲ့ လှုံ့ဆော်မှုတွေကို အမြဲတမ်းယူနေရင်ဘာနဲ့တူလဲဆိုတော့ စိတ်အတွက် ဝမ်းနှုတ်ဆေး အမြဲသောက်နေ ရတဲ့လူနဲ့တူလာနိုင်ပါတယ်။အဲဒီ simulator တွေမပါရင် စိတ်က လိုသလိုမသွားတော့ဘူး။ကြာလာတော့ ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့် mood တွေ ကိုယ့် mind တွေကို ကိုယ်မပိုင်တော့ပဲနဲ့ ပြင်ပက သတ်မှတ်ပေးလိုက်တဲ့mood နဲ့နေတဲ့သူတွေ ဖြစ်လာပါတယ်။
Embed this episode
NOW PLAYING
Self-Control Is A Most Valuable Skill.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.