EPISODE · Jul 14, 2026 · 3 MIN
Self-Inflicted Injuries are worse.
from ဒီနေ့အတွက်စကား · host Padamyar FM
အခြားသူတွေပေးတဲ့ ဒဏ်ရာတွေထက် ကိုယ့်ကိုကိုယ်ပေးထားတဲ့ ဒဏ်ရာတွေဟာ ပိုနက်ပြီး ၊ ပိုနာကျင်ရတတ်ပါတယ်။ အခြားသူဆီက ရခဲ့တဲ့ အနာဟာ ၊အခြားလူတစ်ယောက်ကြောင့် ပျောက်ကင်းပါတယ် ။ ကိုယ်တိုင်က ပေးထားရင်တော့ ကိုယ် တိုင်ပြန်ကုသရမယ်။မချစ်သင့်သူကို ချစ်မိလို့ ရတဲ့ ဒဏ်ရာဟာ ကိုယ်တိုင်ဖန်တီးတာပဲ။ နာကျင်မှန်းသိရက်ရုန်းမထွက်နိုင် တာဟာလည်း ကိုယ်တိုင်ပေးတဲ့ ဒဏ်ရာပဲ။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်လို့ ၊ မကျေနပ်နိုင်လို့လည်း ဒဏ်ရာတွေ ရတတ်တယ် ၊ မလိုသူတွေပြောစကားနဲ့ပြိုလဲမိတာလဲ ကိုယ့်ရဲ့ ပျော့ညံ့မှုကြောင့် ရတဲ့ဒဏ်ရာပဲဖြစ်ပါတယ်။ အတွေးလွန်တာ လည်းကိုယ်တိုင်ဖန်းတီးတဲ့ ဒဏ်ရာတစ်ခု ဖြစ်တယ်။ ဆိုတော့ ကိုယ့်ကိုကိုယ် ပေးမှန်းမသိပေးနေမိတဲ့ ဒဏ်ရာတွေ ဘယ် လောက် တောင် များနေခဲ့သလဲ ပြန်ဆန်းဆစ်ကြည့်ပါ ။ ကိုယ်သဘောကျမိတဲ့ လူတစ်ယောက် ကိုယ့်ကိုပြန်မချစ်နိုင်တာဟာကိုယ့်အပြစ်မဟုတ်ဘူး ။ ဒါဟာ သူ့စိတ်နဲ့ သူကိုယ် သူ ရွေးချယ်ချင်တာ ရွေးမှာပဲ ။ဒါကို ငါသာ ဒီ့ထက်ပိုလှရင် ၊ ဒီ့ထက် ခန္နာကိုယ်မိုက်ရင် ၊ အရပ်ရှည်ရင် ၊ဟာသတွေပြောတတ်ပြီး ငါဟာတော်နေခဲ့ရင် သူကငါ့ကိုပြန်ချစ်မှာဆိုတဲ့ စိတ်မျိုးနဲ့ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ။ ကိုယ်ဟာ ကိုယ့်ပုံစံလေးအတိုင်း လှနေပါတယ်။ ကိုယ်ဟာတစ်စုံတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ typeဖြစ်နေမှာပါ။ ဒီပုံစံမျိုးနဲ့ ဒဏ်ရာပေးထားမိရင် ချက်ချင်းပဲ ကုသလိုက်ပါ ။
Embed this episode
NOW PLAYING
Self-Inflicted Injuries are worse.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.