EPISODE · Jun 16, 2026 · 3 MIN
Self love is too broad.
from ဒီနေ့အတွက်စကား · host Padamyar FM
လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့်နည်းမှန်လမ်းမှန်နဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ချစ်ရမယ်ဆိုတာ သေသေချာချာ မသိကြပါဘူး။ ကိုယ့်ကိုယ်ကိုချစ်ခြင်း 𝗦𝗲𝗹𝗳 𝗟𝗼𝘃𝗲 ဆိုတာ အများကြီးကျယ်ပြန့်လွန်းပါတယ်။ ကိုယ့်ကိုယ်ကိုချစ်တာက အလွယ်လေး ဆိုပြီး အပေါ်ယံ လွယ်လွယ်ကူကူ ပြောတာမျိုး မဟုတ်ပဲ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုပါ သေသေချာချာဂရုစိုက်ပြီး မိမိကိုယ်မိမိ ကောင်းမွန်တဲ့ စောင့်ရှောက်ခြင်းမျိုးနဲ့ ချစ်ခြင်းဖြစ်ပါတယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်ကောင်းရင် ပြီးရောဆိုတဲ့တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်ကလာတဲ့ ချစ်ခြင်းမျိုး မဟုတ်ပါဘူး။ မိမိကိုယ်မိမိရောအများကိုပါ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာ တရားနဲ့ ပြည့်ပြည့်ဝဝ ချစ်ပေးတာမျိုးကိုပြောတာပါ။ အခြားလူကို ချစ်ပေးနိုင်ဖို့ဆိုတာ ကိုယ့်အတွင်းမှာအရင်ဆုံး ချစ်ခြင်းမေတ္တာတရားတွေနဲ့ ပြည့်ဝနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုမှကောင်းကောင်း ဂရုမစိုက်တတ်ရင် အခြားသူကိုလဲ မှန်မှန်ကန်ကန် ဂရုမစိုက်ပေးတတ်ပါဘူး။ ဒါ့ကြောင့်မိမိကိုယ်မိမိ သေသေချာ ချာ ချစ်တတ်ဖို့ သေသေချာချာ ဂရုစိုက်တတ်ဖို့ ကနေ စတင်ရပါမယ်။
Embed this episode
NOW PLAYING
Self love is too broad.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.