EPISODE · Nov 6, 2025 · 3 MIN
Silence is the best answer to someone who doesn’t value your words.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့လူသားတွေဆိုတာ ခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေဆိုတော့ ချစ်တတ်တယ်။ကြည်နူးတတ်တယ်။ ပျော်ရွှင် ဝမ်းသာတတ်တယ်။ ခင်မင်တွယ်တာတတ်တယ်။ အဲဒီအလားတူ မုန်းတီးတတ်၊ရွံရှာတတ်ကြပါတယ်။ အသက်ရှင်နေသမျှ ကာလ ပတ်လုံးမှာ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကိုယ့်အပေါ်ယုတ်မာကောက်ကျစ်တဲ့စိတ်နဲ့ ဆက်ဆံတာ၊ လိမ်လည်လှည့် ဖြားခံရတာ၊ အသုံးချခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ ထိုနည်းတူ စွာပဲ ကိုယ့်ဘက်က ပေးဆပ်သမျှကို တွေ့အောင်မရှာ တတ်တဲ့၊မြင်နေရင်းကန်းနေတဲ့သူတွေ၊ ကိုယ့်ကို တန်ဖိုးမထား၊ ကိုယ် ပြောသမျှ အရာမဝင်အလေးမပေးတဲ့သူမျိုးတွေနဲ့လည်းဘဝတကွေ့မှာ ဆုံနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်အတွက် ခါးသီးတဲ့ ခံစားမှုတွေ၊ဒေါသတွေ၊ နောက် မုန်းတီးတဲ့စိတ် တွေ ဝင်လာတတ်ပါတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်တို့တတွေဘာလုပ် တတ်ကြလည်း သည်းခံစိတ်တွေ ထိန်းမရတော့တဲ့ အခါမှာ ရန်ဖြစ်တတ်ကြတယ်။ ပတ်ဝန်းကျင်ကိုတောင်မသိနိုင်တော့တဲ့အထိအော်ဟစ်ဆဲဆိုမှုတွေ လုပ်မိကောင်းလုပ်မိတတ်ကြ ပါတယ်။ ယောင်္ကျားလေးတွေဆိုကိုယ်ထိလက်ရောက်ခိုက်ရန်ဖြစ်ပွားမှုတွေ ပါဖြစ်နိုင်ပါတယ်။ တကယ်တော့ အဲဒါက ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်း နိမ့်ကျရာကဖြစ်လာတဲ့ ရလာဒ်ပါ။ တကယ်တော့ကိုယ့်ကို အလေးမထားတဲ့သူ၊ ကိုယ်ပြောသမျှ ကိုယ့်စကားတွေကို တန်ဖိုးမထားတဲ့သူနဲ့ ကိုယ်တကယ်မုန်းတီးရွံရှာတဲ့သူကို အဲဒီလိုတွေ လုပ်နေစရာမလိုပါဘူး။ ဥပေက္ခာပြုပြီး စကားလုံးဝမပြောဘဲနေလိုက်တာကသာ အကောင်းဆုံးပါ။ ပြောရမယ်ဆိုရင်တော့ ခွန်းတုန့်မပြန်ခြင်းက ကိုယ့်စကားတွေကိုတန်ဖိုးမထားတတ်တဲ့သူအတွက် အထိရောက်အပြည့်စုံဆုံး အဖြေတစ်ခုပဲဖြစ်ပါတယ်။
Embed this episode
NOW PLAYING
Silence is the best answer to someone who doesn’t value your words.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.