EPISODE · Oct 11, 2024 · 2 MIN
သန့်ဇင်ရဲ့ ရေဘေးသင့်သူတွေ ကူချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ တာကေးရု
from Dawei Watch Podcast · host Dawei Watch
ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တာကေးရု ဟာ သန့်ဇင်ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ သန့်ဇင်ဟာ တာကေးရုနဲ့ ပွဲထိုးဖို့အတွက် Short Notice ရရှိလိုက်ချိန်ကတည်းက ဒီပွဲမှာ သူသာ နိုင်ခဲ့ရင် ထိုးကြေးနဲ့ နိုင်ကြေးထဲက တချို့တဝက်က မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် လှူမယ်၊ ကူမယ်လို့ အမြဲပဲ ပြောနေခဲ့တာပါ။ တာကေးရုနဲ့အတူ ပွဲကြိုသတင်းစာရှင်းလင်းပွဲအဖြစ် သတင်းထောက်တွေမေးမြန်းတဲ့ မေးခွန်းတွေကို ဖြေဆိုရတော့လည်း သူ့ရဲ့အဲ့ဒီရည်ရွယ်ချက်ကို သန့်ဇင်က ထည့်ပြောခဲ့ပါတယ်။ ပွဲပြီးလို့ အရှုံးရလဒ်နဲ့ ရင်ဆိုင်လိုက်ရချိန်မှာလည်း သူ ရှုံးလို့ နာကျင်ရတာထက် ရေဘေးသင့် မြန်မာပြည်သူတွေကို မကူညီနိုင်တော့လို့ ပိုနာကျင်ရတယ်ဆိုပြီး ပရိသတ်တွေနဲ့ တွေ့ဆုံချိန်မှာ သန့်ဇင်က ရင်ဖွင့်ခဲ့ပါသေးတယ်။ အခုတော့ သန့်ဇင်ရဲ့ဆန္ဒကို သူ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ တာကေးရုက ဖြည့်ဆည်းပေးလိုက်ပါပြီ။ သန့်ဇင်ကို အလဲထိုးပြီး အနိုင်ယူခဲ့တဲ့ တာကေးရု ဟာ မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ သန့်ဇင်ရဲ့မန်နေဂျာ ကိုစောဖြိုးဝေနဲ့ချိတ်ဆက်ပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။
Embed this episode
Ready to play
သန့်ဇင်ရဲ့ ရေဘေးသင့်သူတွေ ကူချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ တာကေးရု
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.