EPISODE · Dec 1, 2025 · 3 MIN
Some behaviors are subtle and affect us.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ တွေမှာ တစ်ဦးနဲ့ တစ်ဦးမတူညီကြတဲ့ အမူအကျင့်တွေ တွေးခေါ်မှုတွေ ပိုင်ဆိုင်ထားကြပါတယ်။ များသော အားဖြင့်ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ ၊ အတွေးအခေါ်တွေက ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ မိသားစု ၊ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်း တွေနဲ့ များစွာ သက်ဆိုင်နေပါတယ်။ဒီအမူအကျင့်တွေ တွေးခေါ်မှုတွေကို မူတည်ပြီးတော့ ကျွန်တော်တို့ ဘဝမှာ အရေးပါတဲ့လုပ်ငန်းစဉ်တွေ ၊ ဆုံးဖြတ်ချချတာတွေ ၊ ခံယူချက်ထားတာတွေ ပြုလုပ်တတ်ကြပါတယ်။ ကောင်းမွန်တဲ့အမူအကျင့်နဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်တော့ဘဝကြီးမှာရွေးခြယ်မှုတွေအတွက် စိုးရိမ် စရာထွေထွေ ထူးထူးမရှိပေမယ့် တစ်ချို့အမူအကျင့်လေးတွေက မသိသာပဲနဲ့ ကျွန်တော်တို့ကို ထိခိုက်စေတာလေးတွေ ရှိပါတယ်။ ပြင်သင့်တဲ့ ၊ ဖျောက်ဖျက်သင့်တဲ့အတွေးအခေါ် နဲ့ အမူအကျင့်လေးတွေထဲက ပထမဆုံးအချက်က ဘာပါလဲ။ အဆိုးမြင်စိတ် ရှိခြင်းပါ။ အဆိုးမြင်စိတ်ရှိခြင်းက အရမ်းကို အခြေခံကျပါတယ်။ အရာရာကို မကောင်းမြင်တာ၊အဆိုးမြင်တဲ့အခါမှာ အဲဒီအရာတွေကနေ ရလာနိုင်တဲ့ အခွင့်အလမ်းတွေ ၊ လမ်းကြောင်းတွေကိုမမြင်နိုင်တော့ပဲနဲ့ ပျက်ဆီး စေမယ့် အကြောင်းအရာတွေ ထိခိုက်တာတွေကိုအရင်တွေးမိနိုင်ပါတယ်။ ဒီလိုမျိုးတွေ မကောင်းမြင်နေသမျှ ကာလ ပတ်လုံးမှာ ကိုယ်ဟာအရာရာကို စိတ်တိုင်းမကျ စိန်ခေါ်မှုတွေ ကို မရင်ဆိုင်တော့ပဲ ကိုယ့်ရဲ့တိုးတက်မှုတွေ ပိတ်ပင်ကုန်ပါတယ်။ ဒါ့အပြင် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာပါဖယ်ကျဉ်ခံရနိုင် ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆိုးမြင်စိတ်ရှိတဲ့အခါဒီအတွေးအခေါ်တွေ အကျင့်တွေကို ဖျောက်ဖျက်ပစ်ဖို့က အရေးကြီးပါတယ်။
Embed this episode
NOW PLAYING
Some behaviors are subtle and affect us.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.