EPISODE · Jul 21, 2026 · 3 MIN
Start by Believing In Yourself. End With Confidence in Yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
အလုပ်တစ်ခုစပြီးလုပ်တော့မယ်ဆိုရင် ဘေးကလူတွေကနေပြီးတော့ကိုယ့်ကို ကိုယ်ဟာ “လုပ်နိုင်ပါတယ်” “အရည်အချင်း ရှိပါတယ်” “ကိုယ်ဟာ ဖြစ်မြောက်မှာပါ”ဆိုပြီး ကိုယ့်ကို ယုံကြည်ကြတာကို လိုချင်တယ်။ထောက်ခံအားပေးပြီး ပြောတာကို လိုချင်ကြတယ်။အဲဒီတော့ ကိုယ်က ကိုယ်တစ်ခုခုလုပ်တော့မယ်ဆို ဘေးကလူတွေကို တိုင်ပင်တယ်။ ကိုယ့်ကို အားပေးစေချင်တယ်၊ ထောက်ခံစေချင်တယ်။ ကိုယ်တိုင်ပင်တဲ့သူတွေကကိုယ်ထင်သလို အားမပေးတဲ့အခါ၊ မထောက်ခံ တဲ့အခါ စိတ်ဓာတ်ကျကြတယ်။ လူတွေက ငါ့ကို မယုံကြည်ကြဘူးဆိုပြီးDepression ဝင်ကြတယ်။ အားလျှော့ချင်စိတ်တွေ ဖြစ်လာတယ်။ တကယ်တော့ သိထားရမှာ ဘာလဲ ဆိုရင်ကိုယ်ကဘာမှမလုပ်ရသေးဘဲနဲ့ ဘယ်သူမှကိုယ့်ကို ယုံကြည်မှာ မဟုတ်ဘူး ဆိုတာကိုပဲ။
Embed this episode
NOW PLAYING
Start by Believing In Yourself. End With Confidence in Yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.