EPISODE · Nov 7, 2025 · 3 MIN
Stop Overthinking, Enjoy your life, Just relax, Let it go, Reframing. These Are The 5 Things To Do to Get Out of Our Stressful Life.
from ဒီနေ့အတွက်စကား · host Padamyar FM
အနားယူတဲ့နေရာမှာလည်း စိတ်ရော၊ ကိုယ်ပါ အနားယူပါ။ပင်ပန်းနေလို့ ခရီးတော့ထွက်လိုက်ပါတယ်။ အလုပ်အကြောင်းပဲတွေး၊ အလုပ်ပဲလုပ်နေတာမျိုးကလည်း ကျွန်တော်တို့ကို ပြည့်ပြည့်ဝဝ အနားရတယ်လို့ခံစားရစေမှာ မဟုတ်ပါဘူး။အနားယူတဲ့အချိန် စိတ်ရော၊ ကိုယ်ပါအနားယူပြီး အလုပ်လုပ်တဲ့အချိန် စိတ်ရော၊ကိုယ်ပါနှစ်ပြီး အလုပ်လုပ်ပါ။တစ်ခါတစ်လေ မှာ လွှတ်ချသင့်တဲ့ အရာတွေကိုလွှတ်ချလိုက်တာ အကောင်းဆုံးပါပဲ။ မိသားစုကြား၊ မိတ်ဆွေ သူငယ်ချင်း၊ချစ်သူရည်းစားကြားမှာဆိုလည်း ကိုယ့် အနေနဲ့ လက်လွှတ်ပေးသင့်တဲ့အနေအထားမျိုးတွေဖြစ်လာရင် လက်လွှတ်ပေးလိုက်ပါ။ ကိုယ်တိုင်အတွက် လည်း စိတ်ဖိစီးမှုလျှော့ကျစေသလို တစ်ဖက်သားအတွက်လည်း ပိုကောင်းပါတယ်။နောက်ထပ်အနေနဲ့ လိုအပ်လာတဲ့အချိန် တိုင်းမှာ ကိုယ်တိုင် ရဲ့အတွေးတွေကို ပြောင်းလိုက်ပါ။ တစ်ခါတစ်လေတော့အလုပ်မှာ အထက်လူကြီး ကပဲဖြစ်ဖြစ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ task တစ်ခုကို လုပ်ခိုင်းလိုက်တဲ့အခါ လုပ်စရာတွေကများလိုက်တာ ငါတော့အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီးတွေးမယ့် အစား ငါတော့ အသစ်တစ်ခုကို လေ့လာရတော့မှာပဲဆိုပြီးတွေးလိုက်ပါ။ ဒါဆို စိတ်ညစ်နေတာ အနည်းနဲ့အများတော့လျော့သွားနိုင်ပါတယ်။
Embed this episode
Ready to play
Stop Overthinking, Enjoy your life, Just relax, Let it go, Reframing. These Are The 5 Things To Do to Get Out of Our Stressful Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.