EPISODE · Feb 6, 2026 · 3 MIN
The better the company, the better to get ahead.
from ဒီနေ့အတွက်စကား · host Padamyar FM
တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဆိုတဲ့စကားကလူတွေမှာ အပေါင်းအသင်းဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ ကိုပြသပေးနေပါတယ်။သစ်ပင်တစ်ပင်ဟာ ရေခံမြေခံကောင်းမှ ကြီးထွားနိုင်မှာဖြစ်သလိုလူဆိုတာလည်း အပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်းတတ်ဖို့လိုပါတယ် ။ ဒါကြောင့်လည်းငယ်စဥ်ကတည်းက လူကြီးမိဘတွေက သူငယ်ချင်းအရွေးမမှားကြစေဖို့ သေချာဆုံးမခဲ့ကြတာပေါ့ ။ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ဒုတိယမိသားစုပဲ လို့ပြောကြတာရှိတယ်မဟုတ်လား။ ကောင်းမွန်တဲ့သူငယ်ချင်းတစ်ယောက်ရှိတာက သူငယ်ချင်းတွေအများကြီးရှိတာထက်ပိုပြီး တန်ဖိုးရှိပါတယ်။ ဒါဆိုရင် အမုန်းခံ ပြီးပြောပေးတဲ့သူငယ်ချင်းရှိတာဘဝရဲ့ကံကောင်းမှုတွေထဲက တစ်ခုပါပဲ ။ လူဆိုတာ အမှားနဲ့မကင်းတဲ့အတွက်ကိုယ်တိုင်ကိုက မသိ လိုက်ဘဲ အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ကိုယ်က အမှားတွေလုပ်မိနေရင် ကိုယ့်ကို အမုန်းခံပြောပေးပြီး လမ်းမှန်ကို ပြန်ဆွဲခေါ်ပေးမယ့်သူငယ်ချင်းမျိုးတွေကို ရွေးချယ်ပေါင်းသင်းတတ်ရပါမယ်။
Embed this episode
NOW PLAYING
The better the company, the better to get ahead.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.