EPISODE · Aug 5, 2026 · 3 MIN
The future to belongs to those who prepare for it today.
from ဒီနေ့အတွက်စကား · host Padamyar FM
ကဲ ဘယ်လိုလဲဗျ။ ဒီစကားလေးကို ကြားလိုက်ရတဲ့အချိန်မှာ နားဆင်သူရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေမိပါသလဲဗျာ။ကျွန်တော် ဒီစကားလေးကို သိလိုက်ရတဲ့အချိန်မှာ တွေးမိတာကတော့ အနာဂတ်အတွက် ငါဘာတွေများကြိုတင်ပြင်ဆင်ပြီး ပြီလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးမိတယ်။ မေးလိုက်တဲ့အခါမှာလည်း ဘာဆိုဘာမှရေရေရာရာ ပြင်ဆင်မှု မလုပ်ရသေးဘူးဆိုတာကို သိလိုက် ရပါတယ်။ နားဆင်သူရော ဘယ်လောက်အထိ ပြင်ဆင်ပြီးပြီလဲခင်ဗျာ။ ဒီစကားက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စကားပုံတစ်ခုဖြစ်တဲ့ ဒီနေ့ရေတွင်းတူး ဒီနေ့ရေကြည် သောက်လို့ မရဘူးဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ဘယ်အရာမှ ချက်ခြင်းမအောင်မြင်နိုင်ဘူး။ အနာဂတ်မှာ အောင်မြင်ဖို့ အခုလက်ရှိပစ္စုပန်မှာကြိုးစား ရမယ်။ အနာဂတ်မှာ တိုးတက်ဖို့အခုပြင်ဆင်ထားရမယ်။ အလွယ်ဆုံး ဥပမာပြောရရင် နောင်တစ်ချိန်မှာ ဖြေဆိုရမယ့် စာမေးပွဲမှာထူးထူး ချွန်ချွန်အောင်မြင်ချင်ရင် အခုလက်ရှိအချိန်မှာ စာတွေကို ကြိုးစားကျက်မှတ်ဖို့လိုပါတယ်။ထို့အတူပဲ လူဆိုတာ သေမျိုး မို့လို့ အနာဂတ်တစ်ရက်ရက်မှာ အချိန်မရွေးသေနိုင်တာမို့လို့အခုတည်းက တရားဘဝနာကို စိတ်မှာ ပွားများထားဖို့ လိုပါတယ်။ လောဘဒေါသမောဟတွေကို တတ်နိုင်သမျှမမွေးမိဖို့သီလသမာဓိသိက္ခာကို ထိန်းဖို့လိုပါတယ်။
Embed this episode
NOW PLAYING
The future to belongs to those who prepare for it today.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.