EPISODE · Jun 23, 2026 · 3 MIN
The More You Refuse To Accept, The More You Have To Survive In The Midst of Pain.
from ဒီနေ့အတွက်စကား · host Padamyar FM
ပြောင်းလဲလို့မရတာကိုလက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကို လက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက်ပါ။ လက်ခံ လိုက်ပါ ဆိုတဲ့ စကားလေးကသာ လွယ်ကူရိုးရှင်းပြီးအကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာမှန်ပေမယ့် လည်း တကယ့်တကယ်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ဆိုရာမှာတော့ ဖြတ်သန်းရတဲ့လူ အတွက် ခက်ခဲလွန်း လှပါတယ်။ အန္တရာယ်တွေကြုံလာရင်တောင်Body ရဲ့ Auto Response အရ ကိုယ့်ကိုကိုယ် ကာကွယ်တတ်တဲ့ လူသားတွေအတွက်ထိန်းချုပ် လို့မရတာတွေ၊ ဝမ်းနည်းစရာတွေ၊ ဆုံးရှုံးရတာတွေ၊ ဝေးကွာသွား ရတာတွေနဲ့ပြန်မရမနိုင်တော့တဲ့ အခြေအနေ တွေကို ရင်ဆိုင် ကြုံတွေ့ကြရတဲ့အခါ လက်ခံဖို့ထက်အံ့သြတုန်လှုပ်မှုတွေ၊ နာကျင်ခံစားခြင်းတွေ၊ဒေါသတွေ၊ မကျေနပ် ချက်တွေနဲ့ အဆင်မပြေ မှုတွေ ကသာ ကိုယ့်ဆီ ဦးဆုံး တိုးဝင်လာကြတာထုံးစံပါပဲ။ ဒါကြောင့် လက်ခံလိုက်ပါဆိုတဲ့စကားလုံး လေးဟာ သိမ်မွေ့လွန်းပြီးအချိန်ယူတည်ဆောက်ရတဲ့ ဖြစ်စဉ်တစ်ခုလိုပါပဲ။
Embed this episode
NOW PLAYING
The More You Refuse To Accept, The More You Have To Survive In The Midst of Pain.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.