EPISODE · Jun 3, 2026 · 3 MIN
The most important time in life is the age of 20.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာအရေးကြီးဆုံးအချိန်မှာအသက်၂၀ဆိုတဲ့အချိန်ပါဘဲ။ဘာ့ကြောင့်လဲ? အသက်၂၀အရွယ်မှာ ကိုယ်တိုင်ချမှတ်ခဲ့တဲ့ဆုံးဖြတ် ချက်တွေ၊ ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့အရာတွေကအနာဂတ်ကိုများစွာသောအကျိုးဆက်တွေဖြစ်စေလို့ပါဘဲ။Mark Zukarberg သာသူ့ရဲ့အသက်၂၀အရွယ်မှာFacebook ကိုမတည်ထွင်ခဲ့ဘူးဆိုရင် သူအသက်၃၀မတိုင်ခင်မှာဘီလီယျံနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်အသက်၂၀ ဆိုတဲ့အရွယ်ဟာအရမ်းကိုအရေးကြီးပါတယ်။ သည်အရွယ်မှာအချိန်၊ငွေ၊ပညာစတာတွေကို ကောင်းကောင်း အသုံးမချနိုင်ဘူးဆိုရင်တစ်ချိန်မှာနောင်တရမှာဘဲ။ အနာဂတ်မှာအခက်အခဲ၊အတားအဆီးတွေဖြစ်လာစေမယ့် ဆယ်ကျော်သက်အရွယ်မှာ လုပ်ခဲ့ကြတဲ့အဆိုးရွားဆုံးသောအမှားတွေကဘာလဲ? ဘာဖြစ်ချင်တယ်?ဘာလုပ်ချင်တယ်ဆိုတာကိုမသိဘူး? ရည်မှန်း ချက် တွေ မပြတ်သားဘူး။ လူတိုင်းလူတိုင်းစိတ်ကူးထဲမှာ ဖြစ်ချင်တာတွေအများကြီးရှိကြတယ်။ဒါပေမယ့် သူတို့အတိအကျ မပြောပြနိုင်ကြဘူး။ ဘာလုပ်ချင်တာလဲ?ဘာကိုလုပ်သင့်လဲဆိုတာကိုမသိကြဘူး။သည်အမှားကိုမလုပ်မိဖို့ လူတယောက်ဟာ သူ့ရဲ့ရည်မှန်းချက်၊သူ့ဘဝမှာဘာဖြစ်ချင်လဲ? ဘာတွေလုပ်ချင်လဲဆိုတာသိအောင်ကြိုးစားရမယ်။ရှာဖွေရပါမယ်
Embed this episode
NOW PLAYING
The most important time in life is the age of 20.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.