The roots need to be watered to keep the leaves and flowers blooming.                                                      episode artwork

EPISODE · Jun 19, 2026 · 3 MIN

The roots need to be watered to keep the leaves and flowers blooming.

from ဒီနေ့အတွက်စကား · host Padamyar FM

ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားလာစေဖို့ဘာလုပ်ရမလဲ? Self-confidence ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု က ဘဝမှာ ထင်ထား တာထက် အရေးပါကြောင်း ကို ကြုံခဲ့ရတဲ့အကြိမ်တွေ အများကြီး ရှိပါတယ်။ လူကြီးသူမတွေ ဆုပေးကြတဲ့ “သူများနဲ့ပြိုင် နိုင် ပါစေ၊ သူများနဲ့ပြော ချောပါစေ” ဆိုတာမျိုးကိုခဏခဏကြားဖူးပါလိမ့်မယ်။ အဲဒီလို ပြိုင်တဲ့အခါနိုင်ဖို၊ ပြောတဲ့အခါ ချောမွေ့ဖို့ ဆိုရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုက ရာခိုင်နှုန်းတွေ အများကြီး အထောက်အကူပေးနေတာကိုတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမြင့်မားတဲ့သူတွေရယ်လို ပြောလိုက်ရင်မျက်လုံးထဲမှာ ဘယ်လိုပုံစံပေါ်လာသလဲ။ စမတ်ကျကျ ဝတ်စား ဆင်ယင်ထားပြီးလူတွေကို သိပ်မကြောက်တတ်တဲ့ပုံစံမျိုးကို မြင်ယောင်လာတယ် မဟုတ်လား။ ဒါဟာ ဖျတ်ခနဲစဉ်းစားလိုက်တဲ့ အခါမှာ မျက်လုံးထဲမှာ ၊ မှတ်ဉာဏ်ထဲမှာပေါ်လာတဲ့ပုံရိပ် ဖြစ်ပါတယ်။ဒီလိုပုံရိပ်ပေါ်လာတယ်ဆိုရင် ကျွန်တော်တို့ fixလုပ်ဖို လိုတာတွေရှိလာပါပြီ။ ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အခုမျက်လုံးထဲမှာ၊ဉီးနှောက်ထဲမှာပုံဖော်လိုက်တဲ့ပုံရိပ်ကလူတစ်ယောက် ရဲ့ ပြင်ပအသွင် အပြင်ကိုပုံဖော်ပြီးမြင်လာလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ပြင်ပဝတ်စားဆင်ယင်ပုံနဲ့ပုံပန်းသဏ္ဍာန်ကို မြင်ယောင် လိုက်တာဖြစ်ပါတယ်။ ဒီလိုမြင်တဲ့အတွက် self-confidence ဟာ ပြင်ပကဖြစ်တည်လာတဲ့အရာ၊ တစ်နည်းအားဖြင့် ရုပ်ပိုင်း ဆိုင်ရာပေါ်မူတည်နေတဲ့အရာရယ်လို အမှတ်တမဲ့ တွေးမိတတ်ပါတယ်။ ဒါဟာ စိတ်ထဲမှာကိုယ်တိုင်တောင်သတိမထားလိုက်မိဘဲ ဖျတ်ခနဲဝင်သွားလိုက်တဲ့ အတွေးတစ်ခုဖြစ်ပါတယ်။  

Episode metadata supplied by the publisher feed · Published Jun 19, 2026

Embed this episode

NOW PLAYING

The roots need to be watered to keep the leaves and flowers blooming.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on June 19, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!