EPISODE · Mar 20, 2026 · 3 MIN
To be a successful young person, the first thing you need to change is yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းကြောင်းတစ်ခု ပေါ်ရောက်ပြီးအောင်မြင်နေကြသူတွေကို ကြည့်ရင် အားကျစရာပါပဲ။ ဒီလို အောင်မြင်တဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲရမှာကတော့ သင်ကိုယ်တိုင်ပါ။ လူငယ်ဘဝမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီး မပစ်ပဲ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ၊ မဆုတ်မနစ်တဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ရမှာသင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် နေသားကျနေတဲ့ ပုံစံခွက်ထဲက ရုန်းထွက်ပြီးအတွေ့အကြုံသစ်တွေကို ရှာဖွေ ရဲရပါမယ်။ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်းလိုလိုပုံမှန်လုပ်နေကျ အရာတွေ ၊ လုပ်ရိုးလုပ်စဉ် လုပ်ငန်းဆောင်တာတွေကို ထပ်လဲလဲလုပ်ဆောင်နေရမယ်ဆိုရင် ငြီးငွေ့ခြင်းတွေ ဖြစ်ပေါ်လာစေပြီး ကြိုးစားအားထုတ်ချင်စိတ်တွေလည်း လျှော့လာပါလိမ့်မယ်။ မတူညီတဲ့ အတွေ့အကြုံအသစ် တွေက ကိုယ့်အတွက် စိန်ခေါ်မှုများစွာဖြစ်စေပြီး သက်သာဇုန်ထဲက သင့်ကို ဆွဲထုတ်ပေးနိုင်မှာ ဖြစ်သလို အောင်မြင်မှုကိုတွန်းအားပေးမယ့် အားသစ်အင်သစ် ၊ စိတ်ကူးသစ်တွေလည်း ရရှိလာစေမှာ ဖြစ်ပါတယ်။
Embed this episode
NOW PLAYING
To be a successful young person, the first thing you need to change is yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.