EPISODE · Jan 30, 2026 · 3 MIN
To be liked by everyone, It is impossible. All You Can Do Is To Neglect.
from ဒီနေ့အတွက်စကား · host Padamyar FM
ယနေ့ခေတ်မှာ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုနေမလဲ?ဆိုတဲ့အချက်က အရေးပါဆုံး ဖြစ်နေပါတယ်။ လူတွေက အသိုင်းအဝိုင်း society က လက်ခံထားတဲ့ အရာတွေကိုဘဲ လိုက်နာဆောင်ရွက်ကြတယ်။ ဝေဖန်ခံရမှာ၊အပြစ်ပြောခံရမှာ ကြောက်တဲ့စိတ်က လူတွေကို ကန့်သတ်ချက်တွေ ပေးသွားတာပါ။သို့ပေမယ့်လည်း မိမိကို လူတိုင်းက သဘောကျဖို့၊ နှစ်သက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဘက်လိုက်တာတွေ ဝေဖန်တာတွေကတော့ ရှိနေမှာပါ။ဒါတွေကို ဂရုမစိုက်တတ်ဖို့လိုပါတယ်။ အရာရာတိုင်းဟာ ယာယီပါ။ ၂၀၁၆ခုနှစ်က ကြုံဖူးခဲ့တဲ အဖြစ်အပျက်အချို့ကို မှတ်မိပါသေးလား?မှတ်မိဖို့ တော်တော် ခဲယဉ်းပါ လိမ့်မယ်။ ကိုယ့်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိတဲ့ အရာတွေကိုတော့ မှတ်မိကောင်း မှတ်မိပါလိမ့်မယ်။ လက်ရှိမှာ လူတွေရဲ့ စကားလုံးတွေက ကိုယ့်ကို နာကျင်စေ ကောင်း နာကျင်စေလိမ့်မယ်၊ ဒါပေမယ့်အချိန်အတိုင်းအတာတခု ကြာသွားတဲ့အခါ ဒီနာကျင်မှူတွေရှိမှာ မဟုတ်တော့ပါဘူး။
Embed this episode
NOW PLAYING
To be liked by everyone, It is impossible. All You Can Do Is To Neglect.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.