EPISODE · May 24, 2026 · 3 MIN
To survive is to create yourself rather than to live.
from ဒီနေ့အတွက်စကား · host Padamyar FM
ငါသေမှ အေးမှာပါ ဆိုတဲ့ စိတ်နဲ့ သေဆုံခြင်းဟာလွတ်မြောက်ခြင်းပဲလို့ တွေးထင်မိတဲ့ နေ့တွေ လူတိုင်းကြုံရဖူးမှာပါ ။ ဒါပေမဲ့သန်မာခဲ့ကြတယ် ။ အဲ့ဒီ စိတ်အသိဆိုးဟာ ဟိုအောက်ဆုံးထိ ဆွဲမချနိုင်ခဲ့ဘူး ။ပြန်ရပ်တည်ခဲ့ကြတာ .. ပြန်ပြီး တည်ဆောက်ခဲ့ ကြတာ ။ အခုချိန်မှာပြန်တွေးကြည့်တော့လည်း သေချင်လောက်အောင် စိတ်ညစ်ခဲ့တဲ့ ကိစ္စတွေဟာ ထင်သလောက်လည်းဆိုးရွားခဲ့တာမှ မဟုတ်ပဲနော် ။ အဲ့ချိန်တုန်းက လွယ်လွယ်အရှုံးမပေးခဲ့တဲ့ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိတယ် ။ ဘဝတစ်ခုဖြစ်တည်လာပြီဆိုရင် မွေးဖွားခြင်း နှင့် သေဆုံးခြင်းသာလျှင် အရေးကြီးဆုံးအပိုင်းပဲ။ ကြားကာလက တွေ့ကြုံရ သမျှဟာ သာမန်ပါပဲ ။ ချစ်ခြင်း ၊ မုန်းခြင်း ၊ အရှက်သိက္ခာ ၊ပြဿနာ ဘယ်အရာဖြစ်ဖြစ် ရှင်သန်ခြင်းရဲ့ အနှစ်သာရတွေ ချည်းပဲ ။ ဘယ်အရာပဲ ကြုံရပါစေလိုက်လျောညီထွေစွာ နေထိုင်ပြီး ကံကြမ္မာ အနိမ့်မြင့်ကို လက်ခံနိုင်ဖို့ကြိုးစားကြရုံသာပါပဲ ။ ဘယ်အကြောင်းတရားကြောင့်မှ ရှင်သန်ရခြင်းကိုလက်မလျော့လိုက်ပါနဲ့ ။
Embed this episode
NOW PLAYING
To survive is to create yourself rather than to live.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.