EPISODE · Jul 1, 2026 · 3 MIN
Try To Accept The Changes Lightly.
from ဒီနေ့အတွက်စကား · host Padamyar FM
နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင်ကိုယ့်အတွေးတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးတတ်ဖို့လိုပါတယ်။ ကြုံတွေ့ရတဲ့ အခြေနေ ၊ကြားရတဲ့ စကား အားလုံးကို ရင်ထဲထည့်ပြီး ခံစားနေလို့ မရပါဘူး။ တချို့သော အရာတွေကိုမသိသလိုနေပြီး ၊ တချို့သော စကားများကို မကြားသလိုသာ သဘောထားတတ်ဖို့ လိုပါတယ်။အားလုံးကို အလေးနက်ထားပြီး လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။ စကားလုံးတွေအပေါ် ပေါ့ပေါ့ပါးပါး …. တွေး။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါအရမ်း Sensitive ဖြစ်နေလို့ မရပါဘူး။မတော် တဆ ပြောမိတာတွေ၊ ဒေါသကြောင့်ပြောမိတာတွေ၊ မနာလိုစိတ်ကြောင့် ပြောမိတာတွေစသဖြင့် ဆိုးရွားတဲ့ အပြော ဆိုတွေကို အတည်ယူပြီး မခံစားပါနဲ့ ။ နားကကြားသမျှကိုနှလုံးသားဆီ မပို့ပါနဲ့ ။ တစ်ခါတစ်လေမှာ ချစ်ခင်ရသူ အချင်းချင်းကြား မတော် တဆ ပြောထွက်မိတာတွေဒေါသကြောင့် လွှတ်ခနဲ ပြောလိုက်တာတွေဟာ ရှိတတ်ပါတယ်။ စကားလုံးတိုင်းကို အထန ကောက် ပြီး လိုက်မခံစားပါနဲ့။ ဒီစကားတွေအပေါ် အရမ်း Serious ဖြစ်နေတယ် နာနာကျင်ကျင်လိုက်ခံစားနေတယ် ဆိုရင် တန်ဖိုးထား သင့်တဲ့ ဆက်ဆံရေးတွေ ဆုံးရှုံးရတတ်ပါတယ်။
Embed this episode
NOW PLAYING
Try To Accept The Changes Lightly.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.