EPISODE · May 16, 2026 · 3 MIN
Try To Find The Benefits of The Job You Don’t Like But You Did Now.
from ဒီနေ့အတွက်စကား · host Padamyar FM
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝါသနာမပါတဲ့ အလုပ်၊ စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေကြရတဲ့သူတွေ ရှိကြပါတယ်။ ကိုယ် တကယ်လုပ်ချင်တဲ့ Career က ဘာလဲဆိုတာကို သေချာကွဲကွဲပြားပြား မသိကြတာမျိုး လူငယ်အများစုမှာ ဖြစ်လေ့ရှိတတ်ပါ တယ်။ တက္ကသိုလ်မှာလည်း လူကြီးတွေ ယူခိုင်းတဲ့မေဂျာကို ယူလိုက်တာ၊ သူငယ်ချင်းတက်လို့ လိုက်တက်တာ၊ အမှတ်မီတဲ့ မေဂျာတစ်ခုကိုပဲ ရွေးလိုက်တာ အစရှိသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ အရာကို သေချာမသိဘဲနဲ့ အချိန်အကုန်ခံဘွဲ့တွေယူပြီးမှ လမ်းပျောက်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ တချို့ကျ တော့လည်း ကိုယ့်ဝါသနာနဲ့ ဖြစ်ချင်တဲ့အရာတွေကို သိပေမယ့် အခြေ အနေအရ ဝါသနာကိုစွန့်လွှတ်ပြီး စိတ်မဝင်စားတဲ့ အလုပ်ကို လုပ်နေရတာမျိုးတွေလည်း ရှိပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း အလုပ်တိုင်းမှာ သူ့ရဲ့ တန်ဖိုးတစ်ခုတော့ ရှိစမြဲပါပဲ။ကိုယ်မကြိုက်တဲ့အရာကို အတင်း တွန်းအားပေးပြီး လုပ်နေရတာထက် အလုပ်အပေါ်မှာအကောင်းမြင်စိတ်လေးနဲ့ အပြုသဘော ဆောင်တဲ့ဘက်ကနေ အမြင် ပြောင်းကြည့်ရအောင်။လစာများများရတာ၊ အိမ်မှာနေရင်းနဲ့ပဲ Work from home လုပ်လို့ရတာ၊တခြားအရာတွေ လေ့လာဖို့ ကိုယ့်အတွက် အားလပ်ချိန် ပိုရတာ၊ အလုပ်နေရာနဲ့ နီးတာစသဖြင့် ဘယ်လောက်ပဲ ဒီအလုပ်ကို မကြိုက်ဘူးပြောပြော ကိုယ့် အတွက် အဆင် ပြေတဲ့အချက်တွေကတော့ တစ်ခုမဟုတ်တစ်ခုရှိပါလိမ့်မယ်။ ဒီလိုအသေးစိတ်အချက်လေးတွေကပဲကိုယ် သဘော မကျတဲ့ အလုပ်ကြောင့် ပင်ပန်းနေမယ့်အတွေးတွေကို အနည်းနဲ့အများပြောင်းလဲစေဖို့ ကူညီပေးပါလိမ့်မယ်။
Embed this episode
Ready to play
Try To Find The Benefits of The Job You Don’t Like But You Did Now.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.