EPISODE · Mar 15, 2025 · 12 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်အထူးစီးပွားရေးဇုန်အတွက် စစ်ကောင်စီကြိုပြင်နေပြီး ထိုင်း-ဂျပန်တို့နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တဲ့အကြောင်း- ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်ပြီး ဖုန်းဆက်ဝင်ခွင့်တောင်းရမယ့်အပေါ် မြို့ခံတွေဝေဖန်နေတဲ့သတင်း- ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီး မြစ်ကမ်းဘေးက ကညုံကျွန်းရွာကို လက်နက်ကြီးနဲ့ပြန်ပစ်တဲ့အကြောင်း- ဘန်းလမွတ်မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်တဲ့သတင်း- တနင်္သာရီမှာ ဒီတိုနေတာပေါက်ကွဲလို့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရသွားတဲ့အခြေအနေ- တနင်္သာရီမှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ဒရုန်းနဲ့ပါဗုံးချတဲ့သတင်း- လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းကနေတိုက်ခိုက်လို့ ဒေသခံတွေဒဏ်ရာရသွားတဲ့အကြောင်း သတင်းတွေကို တင်ဆက်ထားပါတယ်။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.