EPISODE · Nov 16, 2024 · 13 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေ ဆေးဝါး၊ အနွေးထည်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း - မြိတ်နဲ့ တနင်္သာရီမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတဲ့အခြေအနေ - စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အခြေအနေ - ကော့သောင်းမှာ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရတဲ့အကြောင်း - ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့သတင်း - ထားဝယ်ရေနက်ဆိပ်ကမ်းက ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲခံရတဲ့အကြောင်း - ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အမျိုးသားလေးဦးကိုဖမ်းဆီးပြီး နေအိမ်တွေကို စစ်ဆေးရှာဖွေခဲ့တဲ့အခြေအနေ - ထားဝယ်က စစ်ရှောင်အမျိုးသမီးကြီးတစ်ဦး ထိုင်းကို အောက်လမ်းကသွားချိန် အမောဖောက် သေဆုံးသွားတဲ့ အကြောင်း - လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး မြို့ခံတစ်ဦးဒဏ်ရာရသွားတဲ့သတင်း - တနင်္သာရီမှာ သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးလိုက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာ - အခါလွန်မိုးကြောင့် ဆားထုတ်လုပ်မှုလုပ်ငန်း မစနိုင်သေးတဲ့အခြေအနေ တွေကို နားဆင်ရမှာပါ။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.