EPISODE · Oct 12, 2024 · 14 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ အောက်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့......... - သန်းခေါင်စာရင်းကောက်ဖို့အတွက်ထားဝယ်မြို့ပေါ်လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားတွေ ငွေညှစ်နေတဲ့အကြောင်း - ထားဝယ်အရှေ့တောမှာ ကော်သူးလေတပ်ကသတ်ထားတဲ့ အမျိုးသားသုံးဦးရဲ့အလောင်းတွေ့တဲ့သတင်း - ဝက်သားတစ်ပိဿာကို ၂၈၀၀၀ကျပ်နဲ့ရောင်းဖို့ မြို့နယ်စည်ပင်နဲ့ ဝက်သားဒိုင်တို့ သဘောတူလိုက်တဲ့အကြောင်း - ထားဝယ်စျေးကွက်မှာ ရော်ဘာရာသီ အဖွင့်စျေးကောင်းနေတဲ့အခြေအနေ - လောင်းလုံးနဲ့ သရက်ချောင်းမှာ သန်းခေါင်စာရင်းကောက်ရာပါဝင်နေတဲ့ Non CDM ဝန်ထမ်းတွေကို PDF ကဖမ်းဆီးတဲ့အကြောင်း - ရှင်မော်ဘုရားနဲ့ ကျောက်နီမော်ရွာကြားရှိ ရွာခြောက်ရွာကို စစ်ကောင်စီတပ်က လမ်းပိတ်ထားတာ တစ်လလောက်ကြာလာတဲ့ အခြေအနေ - ရေဖြူတံတားအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ - တနင်္သာရီက ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတဲ့အခြေအနေ - တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ် ဆိပ်ဖူးရွာမှာ အမျိုးသားတစ်ဦး သေနတ်နဲ့အပစ်ခတ်ခံရတဲ့အပေါ် ကော့သောင်း ပကဖ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.