EPISODE · Jan 18, 2025 · 12 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းထဲ ဖုန်းလိုင်းရက်ရှည်ပြတ်နေတာ အက်တမ်ကုမ္ပဏီ တာဝန်မခံလို့ ဝေဖန်ခံရတဲ့အကြောင်း - တနင်္သာရီတိုင်းစစ်ကောင်စီဝန်ကြီးချုပ်နဲ့ တရုတ်သံအမတ် ကော့သောင်းမှာတွေ့တဲ့သတင်း - ပုလောမှာ စစ်ကောင်စီတပ်မီးရှို့လို့ ဥယျာဉ်ခြံတွေ ငါးရက်ဆက်မီးလောင်နေဆဲအခြေအနေ - ပုလော ပကဖ က စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ အကြိမ် ၅၀ ထက်မနည်း ဗုံးချတိုက်ခိုက်တဲ့အကြောင်း - မြိတ်-တနင်္သာရီလမ်းပိုင်း တိုက်ပွဲပြင်းထန်နေလို့ ရေလမ်းက ခရီးသွားသူများလာတဲ့သတင်း - တနင်္သာရီကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီးသုံးဦးဒဏ်ရာရတဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ်မောတောင်လမ်းမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်တဲ့ သတင်း - KNU မြို့နယ်တရားသူကြီးရဲ့သား သတ်ဖြတ်အလောင်းဖျောက်ခံရတဲ့အကြောင်း - ဘုတ်ပြင်းက ကျေးရွာတွေမှာ ဆန်ဈေးနှစ်ဆနီးပါးတက်လာပြီး ဝယ်ယူရခက်နေတဲ့ အခြေအနေတွေကို နားဆင်ရမှာပါ။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.