EPISODE · Jan 4, 2025 · 10 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၂၉ ရက်ကနေ ဇန်နဝါရီလ ၄ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဝန်ကြီးများအိမ်ရာနဲ့ တိုင်းရဲရုံး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း - စစ်ရေးလှုပ်ရှားမှုတွေကို အနှောင့်ယှက်မပေးဖို့ သရက်ချောင်းအခြေစိုက် KNLA တပ်ခွဲ ၂ သတိပေးတဲ့ သတင်း - မြိတ်မှာ ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းကြောင့် လူသွားလူလာနည်းပြီး စားသောက်ဆိုင်အချို့ စောစောပိတ်နေကြတဲ့အကြောင်း - တနင်္သာရီမှာ CDM စစ်သားက ၁၅ နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့်ခဲ့တဲ့သတင်း - တနင်္သာရီမှာ စစ်ဘေးရှောင်တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတဲ့အကြောင်း - လောင်းလုံးမှာ စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့သတင်း - တနင်္သာရီတိုင်းလူဦးရေရဲ့ ထက်ဝက်ကျော်ပဲ သန်းခေါင်စာရင်းကောက်နိုင်တဲ့ အခြေအနေ - ဘုတ်ပြင်း အလယ်မန်ရွာမှာ ဂုံးချော အထွက်များနေပြီး ဈေးကောင်းရတဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.