EPISODE · Feb 1, 2025 · 10 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ ဇန်နဝါရီလ ၂၆ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်မရတဲ့အကြောင်း - ပြည်ထောင်စုလမ်းပေါ်ရှိ ရွှေဂူစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့လိုက်တဲ့ အခြေအနေ - ကမြောကင်းတံတားဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တဲ့ သတင်း - တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု စစ်စည်းကမ်းဖောက်မှုနဲ့ NUG က ထောင်ခြောက်နှစ်ချလိုက်တဲ အကြောင်း - ထားဝယ်မြို့ပေါ် လောင်းကစားဝိုင်းနှစ်ခု စစ်ကောင်စီတပ်ဝင်ဖမ်းတဲ့သတင်း - မြိတ်မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်သားစုဆောင်းလာတဲ့ အကြောင်း - တနင်္သာရီမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးငါးဦးဒဏ်ရာရသွားတဲ့အကြောင်းတွေကို တင်ဆက်ထားပါတယ်။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.