EPISODE · Nov 30, 2024 · 11 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် ထားဝယ်မှာ လုယက်မှုတွေဖြစ်နေတဲ့အကြောင်း - တနင်္သာရီတိုင်းထဲမှာ အက်တမ်ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အခြေအနေ - ဆလုံ ဆွေမျိုးစုခေါင်းဆောင် နတ်ဆရာ ကာရှား ကွယ်လွန်သွားတဲ့အကြောင်း - ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းနဲ့ဗုံးချခံရတဲ့အကြောင်း - တပ်ဖွဲ့ဝင်တစ်ဦးကို မြိတ်PDF တပ်ရင်းကသတ်ဖြတ်မှု ဖြေရှင်းချက်ပေးဖို့ KNDO ကထုတ်ပြန်တဲ့သတင်း - ပုလောက တပိုရွာမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရတဲ့အကြောင်း - ပုလောမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်မှုများလာတဲ့ အခြေအနေ - ဘုတ်ပြင်းရှိ ကျေးရွာတွေမှာ ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးကုသဖို့ အခက်အခဲရှိနေတဲ့သတင်း - ကြက်မွေးမြူရေးစရိတ်တက်လာတာကြောင့် မွေးမြူရေးသမားတွေ အခက်တွေ့နေကြတဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.