EPISODE · Feb 15, 2025 · 10 MIN
တစ်ပတ်အတွင်း တနင်္သာရီသတင်း
from Dawei Watch Podcast · host Dawei Watch
တနင်္သာရီတိုင်းထဲမှာ ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ရှောင်နေရတဲ့ ကျောက်နီမော်ရွာသားတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူရောင်းချနေတဲ့အကြောင်း- အရပ်ဖက်ကိစ္စကိုလျှော့ချပြီး စစ်ရေးကိုဦးစားပေးမယ်လို့ လောင်းလုံးပကဖ ပြောတဲ့ သတင်း- လောင်းလုံးက လောင်းကစားဝိုင်းမှာ သိမ်းသွားတဲ့ငွေတွေ ပြန်တောင်းမယ်လို့ ဒေသခံတွေပြောတဲ့အကြောင်း- ထားဝယ်က မယ်ဒီလန်းဆေးရုံ နှစ်လပိတ်မယ့်အခြေအနေ- တနင်္သာရီ ထုံမခါကျေးရွာဝန်းကျင်မှာ တိုက်ပွဲ ရက်ရှည်ဖြစ်နေတဲ့ သတင်း- မြိတ်မှာ ကျောင်းသားတွေပါလာတဲ့ကား မိုင်းထိပြီး အချို့ဒဏ်ရာရသွားတဲ့ အကြောင်း- သရက်ချောင်း ဥတ္တူရွာက အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့တဲ့အခြေအနေတွေကို တင်ဆက်ထားပါတယ်။
Embed this episode
Ready to play
တစ်ပတ်အတွင်း တနင်္သာရီသတင်း
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.