တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း episode artwork

EPISODE · Aug 9, 2024 · 7 MIN

တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

from Dawei Watch Podcast · host Dawei Watch

ရေဘေးနှင့်စစ်ဘေးဒဏ်ကို ခါးစည်းခံစားခဲ့ရသည့် တနင်္သာရီမြို့နယ်က ထောင်ချီသည့်ဒေသခံများမှာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။ ဇူလိုင်လ တတိယအပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွာဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။ ရေဘေးဖြင့် နပန်းလုံးနေရသည့်အခိုက်တွင်ပင် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာ‌များအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ဘေးဒဏ်ကိုပါ ခံစားခဲ့ရပြန်သည်။ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာလိုအပ်ချက်၊ သန့်ရှင်းသည့် သောက်သုံးရေလိုအပ်ချက် စသဖြင့် လိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်နေကြရသည်။ အိုးအိမ်စွန့်ခွာပြီး ဒုက္ခရောက်နေကြရသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ကူရေးအဖွဲ့ငါးဖွဲ့က ရိက္ခာလှေကမ်ပိန်းအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ ယင်းကြောင့် တနင်္သာရီမြို့နယ်က ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများ၏ အခြေအနေနှင့် ကမ်ပိန်းအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။ (ကူညီလိုပါက https://www.facebook.com/share/dRroApM6g41SXgoz/?mibextid=qi2Omg မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

Episode metadata supplied by the publisher feed · Published Aug 9, 2024

Embed this episode

Ready to play

တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

0:00 7:03

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of Dawei Watch Podcast?

This episode is 7 minutes long.

When was this Dawei Watch Podcast episode published?

This episode was published on August 9, 2024.

Can I download this Dawei Watch Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!