EPISODE · Dec 23, 2024 · 2 MIN
UFC မှာ နာမည်ကြီးဖိုက်တာ အပြင်လောကမှာ ဆရာဝန်မလေး ဒီတော့ဖိုက်တာဆရာဝန်
from Dawei Watch Podcast · host Dawei Watch
ဖိုက်တာ ဆရာဝန်မလေးရဲ့နာမည်က မင်ရှီ ဖြစ်ပါတယ်။ မင်ရှီ ဟာ ထိုးအားကောင်းသလို ပြိုင်ဘက်တွေအပေါ် ဖိအားပေးနိုင်စွမ်းမြင့်မားတဲ့သူလို့ နာမည်ကြီးပါတယ်။ UFC Fight Night 248 မှာတော့ ဖိုက်တာ ဒေါက်တာမလေးရဲ့အစွမ်းပြသမှုကို အားလုံးက အံ့အားသင့်သွားခဲ့ရသလို အသိအမှတ်ပြုပြီး ချီးမွမ်းခန်းလည်း ဖွင့်ခဲ့ရပါတယ်။ သတင်းမီဒီယာတွေကဆိုရင် ဖိုက်တာဆရာဝန်မလေးရဲ့အမြင့်ခြေကန်ချက်ကို တခမ်းတနားပဲ ရေးသားဖော်ပြနေကြတာပါ။ UFC Fight Night 248 မှာ ဖိုက်တာ ဆရာဝန်မလေး ဒေါက်တာ မင်ရှီ က ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သူ ဇောင်ကန်ဖင်းနဲ့ ထိုးခဲ့ရပြီး ဒီပွဲမှာ အားပါပြင်းထန်လှတဲ့ မင်ရှီရဲ့ခြေကန်ချက်ဟာ ဇောင်ကန်ဖင်းရဲ့ခေါင်းကို တိတိကျကျကြီး ထိမှန်ပြီး ဇောင်ကန်ဖင်းဟာ ပုံလျက်သား လဲကျသွားခဲ့ရပါတယ်။ သံဇကာ Cage ထဲကနေပြီး ဇောင်ကန်ဖင်းကို ထမ်းစင်နဲ့ သယ်ထုတ်သွားရတဲ့အထိကို ဖြစ်သွားခဲ့ပြီး ဆေးရုံဆီကို ချက်ချင်းတင်ပို့လိုက်ရပါတယ်။ အဲ့ဒီ High Kick ခြောကန်ချက်ကြောင့်ပဲ ဖိုက်တာ ဆရာဝန်မလေး မင်ရှီ ကို လူသိများသွားခဲ့တာဖြစ်ပါတယ်။
Embed this episode
Ready to play
UFC မှာ နာမည်ကြီးဖိုက်တာ အပြင်လောကမှာ ဆရာဝန်မလေး ဒီတော့ဖိုက်တာဆရာဝန်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.