EPISODE · Jun 21, 2026 · 3 MIN
Value True Friends.
from ဒီနေ့အတွက်စကား · host Padamyar FM
သူငယ်ချင်း ဆိုတာ ကျွန်တော်တို့ဘဝမှာဒုတိယမိသားစုဝင်တွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ သူငယ်ချင်း တွေ အများကြီးရှိတာထက် ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး ဘေးမှာ ဘဝရဲ့အနိမ့်အမြင့်အတက်အကျ အလိုက်အမြဲအတူ ရှိနေ နိုင်တဲ့ သူငယ်ချင်းကောင်းတွေအချို့ ရှိရင်ပဲကံကောင်းတယ်လို့ ပြောလို့ ရပါပြီ။ အောင်မြင်ချိန်မှာ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲဝမ်းသာဂုဏ်ယူပေးနိုင်သူ ၊ လဲပြိုချိန်မှာ ကမ်းပေးမယ့် လက်စုံဖြစ်နိုင်သူတွေသာလျှင်ဘယ်တော့မှ အဆုံးအရှုံးမခံသင့်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ရဖို့ကလည်း နည်းနည်းတော့ ခက်သားပါ။အချို့က သင့်အနားမှာ အတုအယောင် မျက်နှာဖုံးတွေနဲ့ ရှိနေတက်တဲ့ သူငယ်ချင်းတွေလည်းအများကြီး ရှိပါတယ်။ အရေးကြီးတာကတော့ သူငယ်ချင်း ဆက်ဆံရေးဖြစ်ဖြစ် ၊ မိသားစု ဆက်ဆံရေးဖြစ်ဖြစ်၊ သမီးရည်းစားဆက်ဆံရေးဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်အပြန်အလှန် လေးစားမှုကိုနားလည် တန်ဖိုးထားပြီး ပေါင်းကြဖို့ပါ။ အကယ်က အပြန်အလှန် လေးစားမှု မရှိရင်အဲ့ဒီဆက်ဆံရေးဟာ အနှေးနဲ့အမြန် နိဂုံးချုပ်သွားနိုင် ပါတယ်။
Embed this episode
NOW PLAYING
Value True Friends.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.