Waste your money and you only lose your money; but waste your time and you lost the part of your life.  episode artwork

EPISODE · Nov 5, 2025 · 3 MIN

Waste your money and you only lose your money; but waste your time and you lost the part of your life.

from ဒီနေ့အတွက်စကား · host Padamyar FM

ပိုက်ဆံကိုဖြုန်းလိုက်တာက ပိုက်ဆံကိုပဲဆုံးရှုံးမှာဖြစ်ပေမယ့် အချိန်ကိုသာဖြုန်းခဲ့မယ်ဆိုရင်တော့သင့်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရမှာပါ။ တန်ဖိုးကြီးမားတဲ့ အချိန်ကို ရည်ညွန်းတင်စားထားတဲ့ဘဝရဲ့အချိန်တွေကို အလဟာသ မဖြုန်းတီးပစ်စေဖို့ သတိပေးဆုံးမနေတဲ့စကားတစ်ခွန်းပါ။  ပိုက်ဆံဆိုတဲ့အရာကို ဖြုန်းတီးလိုက်မိရင်တောင်မှ အဲဒီပိုက်ဆံကိုပဲ ဆုံးရှုံးလိုက်ရမှာပါ။ ကုန်သွားတဲ့အဲဒီငွေပမာဏအတိုင်း ဒါမှ မဟုတ် အဲဒီထက်ပိုတဲ့ပမာဏကိုပါ ကျွန်တော်တို့ ပြန်ရှာနိုင်ပါတယ်။ဒါပေမယ့် တန်ဖိုး ကြီးမားတဲ့ အချိန်ကို အလဟာသ ဖြုန်းတီး ပစ်လိုက်မယ် ကုန်ဆုံးစေလိုက်မယ်ဆိုရင်တော့ကုန်ဆုံးသွားတဲ့ အဲဒီအချိန်တွေကို ကျွန်တော်တို့ ဘယ်နည်းနဲ့မှ ပြန်ရှာလို့ ရမှာ မဟုတ်ပါဘူး။အချိန်ဆိုတာ ရွေ့လျားနေသလို အဲဒီရွေ့လျားနေတဲ့ တစ်နာရီတိုင်း တစ်မိနစ်တိုင်း တစ်စက္ကန့်တိုင်းမှာအဖိုးမဖြတ်နိုင် လောက်အောင်တန်ဖိုးရှိပါတယ်။ ဒီတော့ အဲဒီလို တန်ဖိုးရှိလှတဲ့ အချိန်တွေကိုဒီအတိုင်း ကုန်ဆုံးပြစ်လိုက်မယ်ဆိုရင် တန်ဖိုးရှိလှတဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေ တက်ကြွလန်းဆန်းနေတဲ့ငယ်ရွယ်နုပျိုစဉ်က ပြည့်ဝနေတဲ့ အားအင်တွေ၊ ပြန်လည်ရယူနိုင်ခွင့်မရှိတော့တဲ့ နာရီမိနစ်စက္ကန့်တွေဟာဖြုန်းတီးပစ်လိုက်သလိုပါမှန်းမသိ ပါသွား မှာပါ။                                                                                   

Episode metadata supplied by the publisher feed · Published Nov 5, 2025

Embed this episode

Ready to play

Waste your money and you only lose your money; but waste your time and you lost the part of your life.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on November 5, 2025.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!