EPISODE · Jul 31, 2026 · 3 MIN
We all need personal space and privacy.
from ဒီနေ့အတွက်စကား · host Padamyar FM
တစ်စုံတစ်ယောက်ကို ပိုင်ဆိုင် လက်တွဲခွင့်ရတယ်ဆိုတိုင်း အဲ့ဒီလူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး၊အချိန်တွေ အကုန်လုံးကို ပိုင်ဆိုင် သွားတယ်လို့မဆိုလိုပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာ အဆင်မပြေ ဖြစ်စေတဲ့ အရာတစ်ခုက ဒီလူတစ်ယောက်ကကိုယ့်ကို ချစ်တယ်၊ သူ့ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုင်တိုင်း သူ့ရဲ့ ဘ၀တွေ၊အချိန်တွေ၊ လွတ်လပ်ခွင့်တွေ အကုန်လုံးကို ပိုင်စိုးခြယ် လှယ်ချင်တဲ့ ပြဿနာပါ။အစပိုင်းတော့ သိပ် မသိသာပေမယ့် ရေရှည်မှာ ဘယ်လိုမှအဆင်မပြေပါဘူး။ Relationship တစ်ခု သာယာအဆင်ပြေဖို့ ဆိုတာက Personal Spaceကလည်း အရေးကြီးပါတယ်။ Relationship တွေမှာ တစ် ယောက်ကို တစ်ယောက်ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးတယ်ဆိုတာက တစ်ယောက်ကို တစ်ယောက်လေးစားမှု ကို ပြသရာ ရောက်သလို toxic မဆန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရာလည်း ရောက်ပါတယ်။ယောက်ျားလေးဖြစ်စေ၊မိန်းကလေး ဖြစ်စေ ဘယ်သူမဆို Personal Space ရှိဖို့ လိုအပ်ပါတယ်။လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင် လွတ်လပ်ခွင့် တွေ ရှိတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ၊ ကိုယ့်ရဲ့ ၀ါသနာပါရာ အလုပ်တွေ လုပ်တာ၊ သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ အချိန် ကုန် ဆုံးတာ၊ ဒါမှမဟုတ်လည်း တစ်ယောက်တည်း အနားယူချင်တာမျိုးစသဖြင့်ပေါ့။ ကိုယ့်ရဲ့ ချစ်သူရည်းစားနဲ့ တပူးတွဲတွဲ မဟုတ်ဘဲသူတို့ဘ၀လေးနဲ့သူတို့ လုပ်ချင်၊ နေချင်တဲ့ အရာတွေရှိပါတယ်။
Embed this episode
NOW PLAYING
We all need personal space and privacy.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.