EPISODE · Feb 10, 2026 · 3 MIN
We didn't come into this world just to work.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါအနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိသားစုတွေ ၊ချစ်သူရည်းစားတွေ ၊ သူငယ်ချင်းတွေနဲ့ အဆက်သွယ်ပြတ်သွားတယ် ။ ချစ်တဲ့သူတွေနဲ့အချိန်ကောင်းတွေ မဖြတ်သန်းရတော့ဘူး ။ ငွေရှိမှလူရာဝင်မဲ့ခေတ်မှာ ကြိုးစားတာက ကောင်းပေမဲ့ အနားယူဖို့လဲ သတိရပါ။ ကျွန်တော်တို့ဟာဒီလောကကြီးထဲ အလုပ် လုပ် ဖို့ တစ်ခုတည်းအတွက် ရောက်လာတာမဟုတ်ပါဘူး။လူသားတို့ဟာစက်ရုပ်တွေမဟုတ်သည့်အတွက်၊ အမြဲတမ်း အလုပ်တွေချည်း တွန်းလုပ်နေလို့မရဘူး ၊ချစ်ခြင်းမေတ္တာတွေနဲ့ ကြည်နူးရမဲ့အချိန်တွေဟာ မဖြစ်မနေ လိုအပ်ပါတယ် ။ သဘာဝနဲ့ထိတွေ့တာမျိုး၊ ခရီးထွက်တာမျိုး စတာတွေကို လုပ်ပြီး ကိုယ့်ရဲ့ Energy ကို ပြန်လည်ဖြည့်သွင်းဖို့လိုအပ်ပါတယ်။
Embed this episode
NOW PLAYING
We didn't come into this world just to work.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.