EPISODE · May 26, 2026 · 3 MIN
We need to contribute and care others.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘ၀မှာ သမမျှတစွာနေထိုင်နိုင်ဖို့နဲ့အဓိပ္ပါယ်ရှိစွာနေထိုင်ဖို့ ဆိုရင် ကျွန်တော်တို့လူသားတွေဟာ လုပ်စရာရှိတာတွေနဲ့လုပ်သင့် လုပ်ထိုက်တဲ့အရာတွေကို လုပ်သွားကြရမှာဖြစ်ပါတယ်။ မိမိတို့ကဘဲတစ်ဖက်သတ်ပေးနေတာမျိုး၊ တစ်ဖက်သတ်ကြီး ယူနေ တာမျိုးမဟုတ်ပဲ အပေးအယူ၊ အပြန်အလှန်နဲ့ကိုယ့်တာ၀န်၊ သူ့တာ၀န်တွေကို ကျရာ နေရာကနေယူခဲ့မယ်ဆိုရင် ကမ္ဘာကြီးဟာ လည်းသာယာလှပါလာနိုင်မှာ အသေအချာပါပဲမဟုတ်လား။ စကြာ၀ဠာရဲ့ သဘောတရားက အပေးအယူကြီးဆိုတဲ့ ဖြစ်စဥ်ပေါ်မှာ မူတည်နေပါတယ်။ Action is Reaction ဆိုသလို သက် ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိပါတယ်။ ကိုယ့်ဘက်က အယူချည်းပဲရှိနေတဲ့အခါ ပြတ်လတ်မှုတွေနဲ့သာကြုံဆုံရနိုင် ပါတယ်။ လူတွေကလည်း ကိုယ့်ဆီကနေထွက်ခွာသွားနိုင်ပါတယ်။ ဒီတော့ကိုယ့်ဘက်ကနိုင်သလောက်ပြန်ပြီး ကိုယ့်ဘေးက လိုအပ်နေတဲ့လူတွေအတွက်တဖန်ပြန်လည်ကူညီပေးဖို့လိုအပ် ပါတယ်။ ကျွန်တော်တို့တွေက ပေးတဲ့အခါမှာ ကြီးမားနေမှ၊သာလွန်နေမှ၊ ကောင်းမွန်နေမှဆိုပြီး တထစ်ချမှတ်ယူ ထားကြပါတယ်။ တကယ်တော့ကျွန်တော်တို့ရဲ့ “ပေးချင်တဲ့” စိတ်လေး ကိုယ်၌က မြင့်မြတ်နေပြီးသားမို့ မိမိပေးတဲ့အရာတွေ၊ပစ္စည်းတွေက ကောင်းမွန်သာလွန်နေမှဆိုတဲ့အတွေးလေးတွေကို ဖြုတ် နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဆိုတော့ရှိတာလေးတွေနဲ့ နိုင်တာလေးတွေနဲ့ပေးသွားဖို့သာ အရေးကြီးပါတယ်။
Embed this episode
NOW PLAYING
We need to contribute and care others.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.