EPISODE · Sep 26, 2025 · 3 MIN
When we love a person, we don't own their whole life. We need personal freedom as well as our loved ones.
from ဒီနေ့အတွက်စကား · host Padamyar FM
တစ်စုံတစ်ယောက်ကို ပိုင်ဆိုင် လက်တွဲခွင့်ရတယ်ဆိုတိုင်း အဲ့ဒီလူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး၊ အချိန်တွေ အကုန်လုံးကိုပိုင်ဆိုင်သွားတယ်လို့ မဆိုလိုပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာ အဆင်မပြေ ဖြစ်စေတဲ့အရာတစ်ခုက ဒီလူတစ်ယောက်က ကိုယ့်ကိုချစ်တယ်၊ သူ့ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုင်တိုင်းသူ့ရဲ့ ဘ၀တွေ၊ အချိန်တွေ၊ လွတ်လပ်ခွင့်တွေ အကုန်လုံးကို ပိုင်စိုးခြယ် လှယ်ချင်တဲ့ပြဿနာပါ။ အစပိုင်းတော့ သိပ် မသိသာပေမယ့် ရေရှည်မှာ ဘယ်လိုမှအဆင်မပြေပါဘူး။ Relationship တစ်ခု သာယာအဆင်ပြေဖို့ ဆိုတာက Personal Spaceကလည်း အရေးကြီးပါတယ်။ Relationship တွေမှာတစ်ယောက်ကို တစ်ယောက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးတယ်ဆိုတာကတစ်ယောက်ကို တစ်ယောက် လေးစားမှု ကို ပြသရာ ရောက်သလို toxic မဆန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရာလည်းရောက်ပါတယ်။ယောက်ျားလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ ဘယ်သူမဆို Personal Space ရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့် တွေ ရှိတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ၊ ကိုယ့်ရဲ့၀ါသနာပါရာ အလုပ်တွေ လုပ်တာ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန် ဆုံးတာ၊ဒါမှမဟုတ်လည်း တစ်ယောက်တည်း အနားယူချင်တာမျိုး စသဖြင့်ပေါ့။ ကိုယ့်ရဲ့ချစ်သူရည်းစားနဲ့ တပူးတွဲတွဲ မဟုတ်ဘဲ သူတို့ဘ၀လေးနဲ့သူတို့ လုပ်ချင်၊ နေချင်တဲ့အရာတွေရှိပါတယ်။
Embed this episode
Ready to play
When we love a person, we don't own their whole life. We need personal freedom as well as our loved ones.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.