You are what you repeatedly do.
from ဒီနေ့အတွက်စကား Hosted by Padamyar FM
တကယ်အတည် ဘာဖြစ်ချင်တာလဲ? အရင်ဆုံးဘာဖြစ်ချင်လဲသိဖို့ဆိုရင်ငါဘယ်လိုလူစားမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ရပါမယ်။ အဲ့လိုရွေးချယ်ပြီးရင်တော့ကိုယ်ရွေးချယ်ထားတဲ့ လူစားမျိုးဖြစ်လာအောင် ကိုယ့်ဘဝကိုပြောင်းလဲနေထိုင်မှကိုရပါမယ်။လူငယ် တွေ အတွက်ပြဿနာက ရွေးချယ်စရာအရမ်းများတော့ ဘယ်တစ်ခုကို ကိုယ်တကယ်ကြိုက်မှန်းကိုမသိကြဘူးဖြစ်နေတာပါပဲ။ နာမည်ကြီးတာလောက်ပဲမြင်တယ်အဲ့လိုဖြစ်ဖို့ ဘာပေးဆပ်တယ်ဆိုတဲ့ အပိုင်းကိုကြ မြင်အောင်မကြည့်တတ်ကြဘူး။အဲဒါက အဓိကပြဿနာပါပဲ။ Fitness Model တွေကိုကြည့်ပြီး အားကျတယ်။ ဒါပေမယ့်သူလို lifestyle တစ်ခုလုံးပြောင်းပြီး စားသောက်နေထိုင်လေ့ကျင့်ဖို့ ကျတော့မလုပ်ချင်ကြပါဘူး။ အဲ့ဒါမှာစပြီး အခက်တွေ့တာပါပဲ။ ကိုယ်တိုင်ကလုပ်ရပ်တွေကို မပြောင်းလဲရင် ရလဒ်ကလည်းပြောင်းလဲမသွားနိုင်ပါဘူး။ သင်တန်းအပ်ရုံနဲ့လည်းတော်မသွားဘူး စာလိုက်လုပ်ဖို့လိုသေးတယ်။ စာအုပ်ဝယ်လိုက်ရုံနဲ့လည်းတော်မလာဘူး ဖတ်ပြီး apply လုပ်ဖို့လဲလိုသေးတယ်။ Gym membership ဝင်တိုင်းလည်းဝိတ်မကျဘူး ကိုယ်က အစား အသောက် အနေအထိုင်နဲ့လိုက်လေ့ကျင့်ဖို့လဲလိုသေးတယ်။ အားကျနေတိုင်းလဲကိုယ်အားကျနေတဲ့လူလိူဖြစ်မလာဘူး ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့လိုပါသေးတယ်။
Embed this episode
No transcript yet.