EPISODE · Nov 2, 2025 · 3 MIN
You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself
from ဒီနေ့အတွက်စကား · host Padamyar FM
နောင်တဆိုတဲ့သဘောအတိုင်းနောင်မှတရတာဖြစ်တဲ့အတွက် မှားခဲ့တဲ့အမှားတွေကတော့ ကိုယ်ကလုပ်ဆောင်ကျူးလွန်ပြီးနေပါပြီ။ဘယ်နည်းနဲ့မှ ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ အချိန်ကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။ဒါကြောင့် ကိုယ်မှားတာကိုသိပြီ လက်ခံ လိုက်ပြီဆိုတာနဲ့ နောင်တရနေတာမျိုးထက် ဘာကြောင့်အဲဒီအချိန်တွေတုန်းကငါလုပ်မိတယ်။ ငါပြောမိတယ်ဆိုတာကို သေသေ ချာချာတွေးတောဆင်ခြင်သုံးသပ်ကြည့်ပါ။တစ်ခါတစ်ရံကိုယ်ကမသိလို့မှားတာမျိုးလည်းဖြစ်နိုင်သလိုပတ်ဝန်းကျင်နဲ့ အခြေအနေ အကြောင်းကြောင်းကြောင့်မလုပ်သင့်မှန်းသိသိကြီးနဲ့ လုပ်လိုက်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတိတ်ကအမှားတွေအတွက် အချိန်တွေနောက်ပြန်လှည့်ဖို့ Time Machineလိုက်ရှာနေမယ့်အစားကိုယ်ဘာကြောင့်မှားခဲ့သလဲအဲဒီ လိုမျိုးနောက်ထပ် မမှားဖို့ ဘာတွေကိုရှောင်ရမလဲ။ ဘာတွေကိုဆောင်ရမလဲဆိုတာကိုတွေ့မြင်သိအောင်ရှာဖွေပါ။တွေးတောဆင်ခြင်ပါ။ သိပြီဆိုရင် လည်းမှားခဲ့ဖူးတဲ့အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးနောက်တစ်ခါဘယ်သောအခါမှမမှားရအောင် ကိုယ့်အနေနဲ့ ဆင်ခြင်ပါ။ တချိန်တုန်းကအတွေ့အကြုံနုငယ်စဉ်ကမှားခဲ့တဲ့အတွက်ကိုယ့်ကိုကိုယ်ဒေါသတွေထွက် အပြစ် တွေတင်နေမယ့်အစားအဲဒီလိုမျိူး ကိုယ်မသိခဲ့လို့ မှားခဲ့တာတွေကိုကိုယ်တိုင်ကကိုယ့်ကိုယ့်ကိုယ်ပြန်ပြီးခွင့်လွှတ်တဲ့စိတ်ကို မွေးပြီးအမှန်ကိုအမြန်ဆုံး ပြင်ဆင်နိုင် ပါစေ။
Embed this episode
NOW PLAYING
You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.