EPISODE · Oct 2, 2025 · 3 MIN
You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself for not knowing better.
from ဒီနေ့အတွက်စကား · host Padamyar FM
သင့်အနေနဲ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့အချိန်ကိုနောက်ပြန်လှည့်လို့မရပေမယ့် မှားခဲ့တာတွေကနေလေ့လာသင်ယူပြီး အဲဒီ အချိန်တုန်းကသင်မသိခဲ့တာတွေအတွက် သင့်ကိုယ်သင်ပြန်ပြီးခွင့်လွတ်လို့ရပါတယ်။ဒီစကားကိုပြောခဲ့တဲ့သူကတော့ နံမည်ကျော် Baseball ကစားသမားကြီးLeon Brownပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်သူပြောတဲ့စကားကတကယ့်ကိုမှ လက်တွေ့ဆန်ပြီးအားလုံးအတွက် မှတ်သားစရာ ကောင်းတဲ့အတွက် ဝေမျှပေးခဲ့တာဖြစ်ပါတယ်။လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး။ လူသားတိုင်းရှင်သန်ရာ ဘ၀ တကွေ့မှာအမှားအယွင်းတစ်ခုမဟုတ်တစ်ခုကို လုပ်မိ တတ်ကြပါတယ်။ ပြောမိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အမှားကိုကိုယ် သိတဲ့အချိန်မှာအချိန်မှီအမှန်ပြင်ဖို့သာလိုအပ်ပါတယ်။တချို့ကတော့ မှားခဲ့ဖူးတဲ့အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည် တွေးတောပြီးငါမပြောမိခဲ့ရင်အကောင်းသား၊ ငါလုပ်မိတာ မှားလေခြင်းဆိုပြီးနောင်တတွေတွင်တွင်ရနေတတ်ပါတယ်။
Embed this episode
NOW PLAYING
You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself for not knowing better.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.