EPISODE · Sep 28, 2025 · 3 MIN
You have to find a way to be calm and successful in order to get rid of discouragement. If you want to be sure of success, try daily.
from ဒီနေ့အတွက်စကား · host Padamyar FM
ဒီစကားကတော့ ကိုယ့်ကိုယ်ကိုယ်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ အရမ်းနှိုင်းယှဉ်မိပြီး နောက်ကျကျန်ခဲ့သလို ခံစားနေရတဲ့သူတို့ အတွက် ရည်ရွယ်ပါတယ်။ အဲဒီလို နှိုင်းယှဉ်မိတာနဲ့ Self-Esteem လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားနှုန်းတွေ လျော့ကျသွား တတ်ပါတယ်။ဒါဆိုရင် ဘယ်လိုပြန်မြှင့်တင်ရမလဲ? Self-Esteem ကျဆင်းမှုက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးအပေါ်အကျိုးသက်ရောက်မှု အားများပြီး မိသားစုနဲ့ ဆက်ဆံရေး၊ ချစ်ခင်သူ တွေနဲ့ ပြောဆိုမှု၊အလုပ်အကိုင်အပြင် ကိုယ်နဲ့ စိတ်ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ကိုယ့်မှာ Self-Esteem ကျဆင်း လာတဲ့အချိန်တိုင်း အရင်ဆုံးအနေနဲ့ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပါ။ကိုယ့်ရဲ့ အားငယ်စိတ်က ဘာလို့ဖြစ်လာတာလဲ? ဘယ်တုန်း ကတည်းက စဖြစ်ချင်နေတာလဲ အစရှိတဲ့မေးခွန်းတွေမေးပါ။ဥပမာ - ကိုယ့်မိဘတွေက သူငယ်ချင်းတွေနဲ့ အင်မတန် နှိုင်းပြောခဲ့လို့၊ ငယ်ငယ်တုန်းကအစခံရဖူးလို့၊ အစရှိသဖြင့် Trauma ရှိခဲ့လားပြန်သုံးသပ်ပါ။ အကယ်၍ ရှိခဲ့မယ်ဆိုရင် ဒီ စိတ်ထိခိုက်မှုကို ဘယ်လိုမျိုးကုသမလဲဆိုတာ ရှာလို့ရပါပြီ။
Embed this episode
Ready to play
You have to find a way to be calm and successful in order to get rid of discouragement. If you want to be sure of success, try daily.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.