EPISODE · Jan 3, 2026 · 3 MIN
You Need Enough Skills & Qualifications To Bravely Overcome Life.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝဆိုတဲ့ ခရီးလမ်းက ရှည်ကြာပါတယ်။ အသက်အရွယ်ရလာလေဘဝရဲ့ခရီးကြမ်း ရှည်ကြီးတစ်လျှောက်မှာ အတားအဆီး တွေ ၊ ခက်ခဲကြမ်းတမ်းမှုတွေကိုကျော်ဖြတ်ရလေပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် ၊ကိုယ့်ဘဝကိုယ်ကြောင်းပြီး ဘဝခရီး လမ်းကို ရဲရဲကြီး ဖြတ်လျှောက်နိုင်ဖို့ဆို လူတိုင်းမှာလုံလောက်တဲ့ အရည်အချင်း ၊ ကျွမ်းကျင်မှုဆိုင်ရာ Skills နဲ့ အတွေး အခေါ်ပိုင်းတိုးတက် ပြောင်းလဲမှုတွေရှိဖို့ အများကြီး လိုအပ်ပါတယ်။ စာအုပ်တွေဟာ ဗဟုသုတပေါင်းစုံရာ ဟင်းအိုးကြီး တစ်လုံးပါပဲ။စာဖတ်ခြင်းကနေတဆင့် ဘဝခရီးလမ်း တစ်လျှောက်အတွက် လိုအပ်တဲ့ စိတ်ခွန်အားနဲ့ဗဟုသုတတွေအများကြီး ရနိုင်သလို အတွေးအခေါ်တွေ ပိုထက်လာအောင်လည်း ဦးနှောက်ကိုသွေးပေး နိုင်စွမ်း ရှိပါတယ်။ အချက်အလက်အသစ်တွေ လေ့လာပြီး ဗဟုသုတစုံအောင်ဖြည့်တင်းထားခြင်းက သင့်ဘဝကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုဆီပို့ဆောင်ပေးနေတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲဆိုတာ ယုံကြည်လက်ခံ ထားလိုက်ပါ။
Embed this episode
NOW PLAYING
You Need Enough Skills & Qualifications To Bravely Overcome Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.