EPISODE · Mar 19, 2026 · 3 MIN
You need to live your life in your own way and on your own terms.
from ဒီနေ့အတွက်စကား · host Padamyar FM
ကိုယ် ပြောင်းလဲချင်တဲ့အရာ (သို့) လိုချင်တဲ့အရွေ့တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ Patience(စိတ်ရှည်မှု)၊ Consistency(တစိုက်မတ်မတ်လုပ်ဆောင်မှု) နဲ့ Practice (လေ့ကျင့်မှု)တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ များသောအားဖြင့် သူစိမ်းတရံတွေနဲ့ဆိုရင်ကိုယ့်ရဲ့ Boundary သတ်သတ်မှတ်မှတ် ထားနိုင်ပေမယ့်ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေနဲ့ ဆိုရင်တော့ Boundary ထားဖို့ အခက်အခဲရှိပါတယ်။ကိုယ်က ထားလို့မရတာရော၊ ကိုယ်ထားပေမယ့်လည်းလိုက်နာမပေးကြ တာရော နှစ်မျိုးလုံးပေါ့။ ကိုယ့်စိတ်ပင်ပန်းမှုကြောင့် ကိုယ်တိုင်နဲ့ တခြားသူအပေါ်ပါမသက်ရောက်ဖို့ဆိုရင် ဘယ်လိုဆက်ဆံ ရေးမှာမဆို Healthy Boundary ထားရှိဖို့ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့်ကိုယ်က ဘာကို မကြိုက်၊မနှစ်သက်ဘူးလဲ ၊ ဘယ်အရာက ကိုယ့်ကို သည်းမခံနိုင်တဲ့ limit အထိဖြစ်စေလဲဆိုတာကို ရှင်းလင်းစွာ ပေးသိထားဖို့လိုပါတယ်။ကိုယ်ဘာလိုချင်လဲ၊ ဘယ်လိုအဆက် ဆံခံချင်လဲဆိုတာကို ဖွင့်ပြောပြဖို့လိုတယ်။ကိုယ်မကြိုက်တာကို အမြဲလုပ်နေရင် ဘာကို သက်ရောက်နိုင်လဲ ပြောပြထားဖို့လိုသလို ထပ်ခါထပ်ခါ ကိုယ့်အပေါ် ကျူးလွန်နေခဲ့ရင် ကိုယ်ပေးသိထားတဲ့အတိုင်းကိုယ်တိုင် လိုက်နာပြဖို့ လိုတယ်။
Embed this episode
NOW PLAYING
You need to live your life in your own way and on your own terms.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.