EPISODE · Nov 10, 2025 · 3 MIN
You teach people how to treat you by what you allow, what you stop, and what you reinforce.
from ဒီနေ့အတွက်စကား · host Padamyar FM
ပေါင်းသင်းဆက်ဆံရေးဆိုတာသိပ်ကိုမှခက်ခဲတဲ့ဘာသာလို့လူတိုင်းကလက်ခံထားကြတယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူကစီးပွားဥစ္စာရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီလိုတဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူရနိုင်ချေပိုပြီးများတတ်တယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးတိုင်းဟာ ကြည်လင်တဲ့ကန်ရေပြင်လိုထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကိုဖောက်ထွင်းသိမြင်နိုင်ဖို့ ဘယ်ပညာရပ်ကမှ အလုံးစုံအသုံးမတည့်နိုင်ဘူး။ဆိုရိုးစကားတစ်ခုရှိတယ်။ ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ့်ထံပြန်လာမည်တဲ့။ဆိုလိုတာကတော့ သူများဆီကနေကောင်းတာ လိုချင်တယ်ဆိုရင် ကိုယ့်အနေနဲ့လည်းကောင်းအောင်နေရမယ်။ကောင်းကောင်းမွန်မွန် ဆက်ဆံရေးကိုလိုချင်ရင် ကိုယ့်ဘက်က လည်းအောက်ကျို့သင့်တာအောက်ကျို့ချိုသာသင့်တာချိုသာ၊ လိုက်လျောသင့်တာလိုက်လျောရမယ်။ ထို့အတူပဲဘယ်အချိန်မှာ ကိုယ့်ရဲ့အနစ်နာခံမှုတွေကိုရပ်တန့်ရမလဲဆိုတာကိုကိုယ်တိုင်သိနိုင်ရမယ်။ သိတဲ့အချိန်မှာပဲသိတဲ့အတိုင်းဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီးပြောင်းလဲသင့်တာကိုပြောင်းလဲရမယ်။
Embed this episode
Ready to play
You teach people how to treat you by what you allow, what you stop, and what you reinforce.
No transcript for this episode yet
Similar Episodes
Similar Podcasts
No similar podcasts found.