EPISODE · Dec 24, 2025 · 3 MIN
You want to be successful, but if your behavior is not the behavior that will lead to success,
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာ ဘာပဲလုပ်လုပ် အဆင်မပြေဘူးလို့ ထင်နေမိပါသလား။ကိုယ့်အနေနဲ့ တစိုက်မတ်မတ်လုပ်နေမိတဲ့ အချက်တွေထဲမှာ ရော ဘဝရဲ့အဆင်မပြေမှုတွေအပေါ် ဘာတွေများသက်ရောက်မှုရှိတယ်လို့ ထင်ပါလဲ။ ကိုယ်က အောင်မြင်မှုကို လိုလားပေမယ့် ကိုယ့်ရဲ့ အမူအကျင့်များကတော့ အောင်မြင်စေမယ့် အမူအကျင့်များ မဟုတ်ရင်တော့အောင်မြင်မှုနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။ ဒီနေ့ပြီးရမယ့် အလုပ်ကိုအချိန်ရှိပါသေးတယ်ဆိုပြီး နေ့ရွေ့လိုက်၊ ညရွေ့လိုက်နဲ့ တဖြည်းဖြည်းရွေ့ဆိုင်းနေမယ်ဆိုရင်တော့ အချိန် တွေ ကုန်လွန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ကုန်လွန်သွားတဲ့အချိန်တွေကို ဘယ်လောက်ပဲ ပိုက်ဆံတွေ ပုံအောပြီး ပေးနေပါ စေ၊ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်မရနိုင်ပါဘူး။ နောင်တဆိုတာ နောင်မှရတတ်တာဖြစ်ပါတယ်။ တချိန်ချိန်မှာ အသက်အရွယ် ကြီးလာမှ နောင်တရမယ့်အစားအချိန်ရှိတုန်းမှာ လုံ့လစိုက်ထုတ်မယ် ဆိုရင် တစ်ချိန်ချိန်မှာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရရှိ မှာပဲ ဖြစ်ပါတယ်။
Embed this episode
NOW PLAYING
You want to be successful, but if your behavior is not the behavior that will lead to success,
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.