EPISODE · Jun 13, 2026 · 3 MIN
Your Health, Happiness is actually mainly related to yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ ငွေတွေအများကြီးရှိရင်ကော တကယ်ပျော်ရွှင်ရရဲ့ လား။ကျန်းမာရေးကောင်းရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်မှုဟာဘယ်အပေါ်မှာ အမှီပြုနေပါသလဲ။ တကယ်တမ်းကော ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကိုရနိုင်ရဲ့လား။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းဟာ တကယ်တမ်းမှာကိုယ်နဲ့ပဲ အဓိက သက်ဆိုင်နေပါတယ်။ ခက်ခဲတဲ့ အခြေအနေမျိုးမှာကျန်းမာပျော်ရွှင်တဲ့အနေအထားတစ်ခုကို တည်ဆောက်ရတာ ခက်ခဲမယ်မှန်းသိပါတယ်။ ဒါပေမယ့်ကျွန်တော် တို့ မတတ်နိုင်တဲ့ အရာတွေကို အာရုံထားပြီး စိတ်ပင်ပန်းမယ့် အစားကိုယ်တတ်နိုင်တဲ့ ပမာဏ အဝန်းအဝိုင်းလေးအတွင်းကနေပဲ ကိုယ့်ရဲ့ ကျန်းမာပျော်ရွှင်တဲ့အနေအထားလေးကို တည်ဆောက်လို့ရပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကိုအရယူဖို့ အတွက်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်တည်ဆောက်မှုကလေးတွေ အများအပြားလိုအပ်ပါတယ်။
Embed this episode
NOW PLAYING
Your Health, Happiness is actually mainly related to yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.