EPISODE · Nov 27, 2025 · 3 MIN
If you want to be successful, don't delay, choose and associate with people who can support you, try it slowly
from ဒီနေ့အတွက်စကား · host Padamyar FM
သစ်တစ်ပင်တည်းနဲ့ တောအုပ်ဖြစ်မလာနိုင်ပါဘူး။ အောင်မြင်မှု ကြီးကြီးမားမားတည်ဆောက်ချင်ရင် ပတ်ဝန်းကျင်က လူတွေရဲ့ အကူအညီအထောက်အပံ့ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ တိုးတက်အောင်မြင်မှုကို ပါဝင်ပံ့ပိုးပေးနိုင်မယ့်သူတွေ ရှိနေဖို့က အရေးကြီးပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ၊ အောင်မြင်ပြီးသားလူတွေကို ချဉ်းကပ်ပေါင်းသင်း ပါ။ သူတို့ရဲ့ နည်းပေးလမ်းပြမှုကို ခံယူပါ။နောက်ပြီးအောင်မြင်မှုဆီကို လှမ်းတက်ရာမှာ တစ်ကြိမ်မှာ တစ်ဆင့် တစ်လှမ်းပဲ လှမ်း တက်ပါ။ အလောတကြီး အလျင်စလိုလုပ်တာက ရေရှည်မှာအကျိုးယုတ်စေနိုင်ပါတယ်။ ရေတိုအကျိုးစီးပွားကိုကြည့်ပြီး ဖြတ်လမ်း မလိုက်ပါနဲ့။အောင်မြင်မှုဆိုတာက တစ်ကြိမ်တစ်ခါကြိုးစားလိုက်ရုံနဲ့ ရယူနိုင်တာမျိုး မဟုတ်ပါဘူး။ ဇွဲလုံ့လ အပြည့်ရှိဖို့ လိုပါ တယ်။သင့်ရည်မှန်းချက်တွေ အထမြောက်ဖို့ အခက်အခဲ အတားအဆီးတွေ အများကြီးကိုကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ လက်လျှော့ အရှုံးပေးလိုက်ချင်တဲ့ အချိန်တွေလည်း ကြုံရမှာပါ။ လက်ရှိအောင်မြင်နေသူအားလုံးဟာလည်း တချိန်က အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ကြရ ဖူးတယ်ဆိုတာမမေ့ပါနဲ့။ နောက်ဆုံးအရေးပါဆုံးလိုအပ်ချက်ကတော့ အောင်မြင်ဖို့ပြင်းထန်တဲ့စိတ်ဆန္ဒရှိနေဖို့ပါပဲ။နေ့စဉ်နေ့တိုင်း မှာ စိန်ခေါ်မှုအသစ်တစ်ခု ရှိနိုင်သလို၊ အခွင့်အလမ်းအသစ်တွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အနိုင်ရအောင်မြင်ဖို့ ဆုံးဖြတ်ထားပါ။လုံလောက်တဲ့ ရည်မှန်းချက်နဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒမရှိရင် မအောင်မြင်နိုင်ပါဘူး။အနိုင်ရလိုစိတ်ပြင်းပြမှုက ခရီး ကို ထက်ဝက်လျှောက်လှမ်းပြီးတာနဲ့ အတူတူပါပဲ။ဒါကြောင့်အောင်မြင်ချင်ရင် အချိန်မရွှေ့ပါနဲ့။ထောက်ပံ့ကူညီနိုင်မယ့်သူ တွေကို ရွေးချယ်ပေါင်းသင်းပါ။ဖြည်းဖြည်းနဲ့ မှန်မှန်ကြိုးစားပါ။ ဇွဲလုံ့လထားပါ။ ပြင်းပြတဲ့ စိတ်ဆန္ဒကိုအမြဲမွေးပါ။
NOW PLAYING
If you want to be successful, don't delay, choose and associate with people who can support you, try it slowly
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.