PODCAST · education
ဒီနေ့အတွက်စကား
by Padamyar FM
နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။
-
241
When U try For The Future You Need To Be Patient And Smart.
နည်းပညာ ဘီယီယံနာကြီး Bill Gates ရဲ့ ဘဝဖြတ်သန်းမှုကို ကြည့်ပြီး ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဘဝအတွက်အများကြီး စိတ်ခွန်အားတွေ ရမိတာအမှန်ပါ။ Bill Gates ဟာကမ္ဘာပေါ်က အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ရဲ့ ထည်ထောင်သူ ပဲ့ကိုင်ရှင်တစ်ယောက် ဖြစ်သလိုသူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ နှစ်ပေါင်းများစွာသော အဖိုးတန်ဘဝ အတွေ့အကြုံ တွေကိုလည်းနောက်မျိုးဆက်သစ် လူငယ်တွေအတွက် အမြဲတမ်း ပြန်လည်မျှဝေခဲ့ပါတယ်။ Bill Gates အမြဲပြောနေကျ စကားတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာအသက်ရှင်နေသ၍ လေ့လာသင်ယူမှုတွေနဲ့ ကင်းကွာနေ လို့ မရဘူးဆိုတာပါပဲ။ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းတွေရှိဖို့ကနံပါတ် ၁ အရေး ကြီးဆုံး ဖြစ်ပါတယ်။ အောင်မြင်မှုရဲ့ သော့ချက်ဆိုတာဟာ အသိပညာကိုအဆက်မပြတ် ချဲ့ထွင်ခြင်းနဲ့ ကျွမ်းကျင်မှု Skills အသစ် တွေကိုအမြဲလေ့လာဆည်းပူးနေခြင်းကနေ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Gates ဟာ လူငယ်တွေအနေနဲ့ ဘဝ အတွက် ကောင်းမွန်တဲ့တိုးတက်မှုတွေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိဖို့ အမြဲတမ်း လေ့လာသင်ယူမှုတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
-
240
Express What You Truly Are And Learn What Others Truly Were.
လူတွေဟာ လူမှုရေးနဲ့ မကင်းနိုင်ကြပါဘူး။ဘယ်လောက်ပဲ သီးခြားနေချင်နေပါစေ အပေါင်းအသင်းကောင်းတွေကို အမြဲရှာ ဖွေနေ တတ်ကြပါတယ်။ဒါပေမယ့် ဘယ်သူမဆို ပုံစံချင်းတူတဲ့ အပေါင်းအသင်းတွေကိုပဲ လိုချင်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ဘယ်လို လူမျိုးလဲ သိထားပါ။ ကျွန်တော်တို့အများစုက များသောအားဖြင့်ပတ်ဝန်းကျင်ရဲ့ အကြိုက်ကို လိုက်ပြီးနေတတ် ကြပါတယ်။ ကိုယ် ဖြစ်ချင်တဲ့အတိုင်းမနေတတ်ကြပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို မေ့လျော့ နေတတ်ကြပါတယ်။ဒီလိုမဟုတ်ပဲ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင်နေပါ။ ဒါမှသာ သင်နဲ့ ပုံစံတူ၊အမြင်ချင်းတူ၊ ရည်ရွယ်ချက် ချင်းတူတဲ့ သူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေကိုလိုချင်တာလဲ သတ်မှတ်ထားပါ။ဘဝထဲမှာ ဘယ်လိုလူမျိုးတွေ ရှိစေချင်တာလဲဆိုတာကိုတတ်နိုင်သမျှ တိတိကျကျ သတ်မှတ်ထားသင့်ပါတယ်။ အချိန်လေးစားတတ်သူလား၊အလုပ်ကြိုးစားတတ်သူလား၊ လူမှုရေးကောင်းသူလား၊ အမျှော်အမြင်ရှိသူလား စသဖြင့်သင်လိုချင်တဲ့ အရည်အချင်းတွေကို သတ်မှတ်ထားပါ။ ဒီသတ်မှတ်ချက်တွေအတိုင်း လိုက်ဖက် မယ့်သူတွေကိုရွေးချယ်ပါ။
-
239
Always set your Boundary. Always set your limits.
Boundary ဆိုတဲ့အပေါ် ရိုးရိုးရှင်းရှင်းလေးပဲ ပြောရရင်ကိုယ်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာ နဲ့ ကိုယ့်ရဲ့ “Limit”ပဲဖြစ်တယ်။လူတွေမှာ ဘာကြောင့် Boundary လိုအပ်လဲ? ကိုယ့်စိတ်ထဲသက်သောင့်သက်သာမရှိတဲ့အရာ၊ မနှစ်မြို့တဲ့အရာတွေနဲ့ ကိုယ့် အတွက် အဆင်မပြေတဲ့အရာတွေကို reason ပေါင်းများစွာနဲ့အတူကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေကို ဘေးဖယ်ပြီး အများ အတွက် လိုက်လျောမိတတ်ကြတယ်။အားနာလို့၊ ခင်လို့၊ ထောက်ထားစရာရှိလို့၊ သူနဲ့ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ကိုယ့်ကိုချစ်ခင်ရင်းနှီးစေဖို့ စသဖြင့်ပေါ့။ ဒီတော့ကိုယ့်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာထက်ကျော်လွန်ပြီး အများအတွက် ဖြည့် ဆည်းပေးတာမျိုးတွေ၊ “No” ပြောနိုင်ဖို့ ခဲယဉ်းတာမျိုးတွေ၊ကိုယ့်အပေါ်ပြုမူသမျှတွေကို ကြိတ်မှိတ်သည်းခံနေ တာမျိုးတွေနဲ့ အတူကိုယ်မကြိုက်တာတွေတောင် အများအကြိုက်လိုက်ပြီး လိုက်လျောတတ်တာ တွေကိုလုပ်မိတတ်ကြပါတယ်။ Boundaryမထားတဲ့အခါ ဘာဖြစ်မလဲ? အဓိက ကိုယ့်ကိုပင်ပန်းစေတာပေါ့။ကိုယ်မကြိုက်ပေမယ့် ဖွင့်မပြောပဲ အမြဲ ကြိတ်မှိတ် သည်းခံ နေတဲ့အခါ (သို့)ကိုယ့်ရဲ့သည်းခံနိုင်မှုထက်ကျော်လွန်ပြီး တခြားသူကို အပြည့်အဝ ခွင့်ပြုထား တဲ့အခါဒီအရာတွေကနေ စိတ်ပင်ပန်းမှုတွေ၊နာကျင်စရာတွေ၊ မကျေနပ်မှုတွေနဲ့ ဒေါသတွေဆီဦးတည်ကုန်တာပေါ့။
-
238
Don’t Afraid To Stand On Your Own, Stand On Your Feet.
လူရယ်လို့ ဖြစ်တည်လာရင် ဘဝမှာ အရဲစွန့်ရမယ့်အရာတွေကိုယ့်အား ကိုယ်ကိုးရမယ့်အရာတွေ အများကြီး ရှိလာမှာပါ။ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည် ရမှာကို ကြောက်နေတယ်၊ အရဲစွန့်ရမှာကို ကြောက် နေတယ်ဆိုရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ ဘဝမှာ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် ဖို့ မ ကြောက် ရပါဘူး။ တစ်ယောက်တည်းလည်း ဖြစ်တယ်၊ တုံးတိုက်တိုက်၊ကျား ကိုက် ကိုက် ဆိုတဲ့ စိတ်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ လိုအပ် ပါတယ်။ ဒီလိုကြိုးစားမှသာလျှင် လိုချင်တဲ့ အောင်မြင်မှု၊ ရောက်ချင်တဲ့ အမြင့် တစ်နေရာကို မလွဲမသေရောက်ရှိမှာ ဖြစ်ပါတယ်။ တချို့လူတွေက မွေးကတည်းက မိဘက ထမင်းခွံ့ကျွေး၊ ငှက်ပျောသီး အခွံ နွှာပေး၊ထမင်းကို ဝါးမကျွေးရုံ တမယ်သာ အစ အဆုံး လိုက်လုပ်ပေးနေတဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် ဖို့ကို ကြောက် ရွံ့လာပါတော့တယ်။ သူတို့သည် ဘယ်ကိစ္စမဆိုအရဲစွန့်ရမှာကို ကြောက်လာကြပါတယ်။
-
237
Its Your Life. You Have A Full Control.
လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်အနေနဲ့ စိတ်ကြိုက် ထိန်းချုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာ ဘာကြောင့်ဖြစ်မယ်လို့ထင်ပါသလဲ။ အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင်ဘဝက လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့အမှားကြီးမှားနေပြီလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာကနောက်ဆုံးအချိန်အထိ ပြဿနာတွေ မကင်းနိုင်တာကြောင့်ပါပဲ။ နေ့ရက်တိုင်းမှာစိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။ အသက်အရွယ် ဘယ်လောက်ပဲ ဖြစ် ဖြစ်၊ သင့်ရဲ့စီးပွားရေးအခြေအနေ ဘယ်လောက်ပဲ ရှိရှိ ပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။
-
236
If you want some outcome from people you should learn what they believe.
ဘယ်လိုသင်သင်မရဘူးဆိုတဲ့ လူတွေနဲ့တွေ့ရင်..လူတွေကသူတို့ကို ဖိအားပေးပြီး ပြောင်းလဲတာမျိုးကို မခံချင်ကြဘူး။ သူတို့ ဘာသာသူတို့ပြောင်းလဲလာတာမျိုးကိုဘဲ ဖြစ်ချင်ကြတာ။ ဘယ်လိုသင်သင် မရဘူး ဖြစ်နေတဲ့လူတွေနဲ့များ တွေ့နေရရင် ကိုယ့် လက်အောက်က ဝန်ထမ်းတွေကို ဘယ်လို သင်သင်မရဘူး၊ဘယ်လို လုပ်ရမလဲ။ လူတစ်ယောက်ကို ကိုယ်လုပ်စေချင်တဲ့ အရာတွေ လုပ်စေချင်တာဘဲ ဖြစ်ဖြစ်၊ကိုယ်ရောင်းတဲ့ ပစ္စည်းကို ဝယ်စေချင်တာဘဲ ဖြစ်ဖြစ်၊ နားလည်ထားသင့်တဲ့ သီအိုရီတစ်ခုရှိပါတယ်။ လူတွေရဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေက ဘယ်ကနေလာလဲ ဆိုတာမျိုးပါ။ကျွန်တော်တို့ အပြုအမူတွေ ဘယ်ကလာလဲဆိုရင် စိတ်နေသဘောထားကနေလာတယ်။ အဲဒီစိတ်နေသဘောထားတွေကကော ဘယ်ကလာလဲ ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်မှု၊တန်ဖိုးထားမှု၊ စေ့ဆော်မှုတွေ၊ ပညာအဆင့်အတန်းတွေကနေလာပါတယ်။ အဲတော့ လူတစ်ယောက်ကဘယ်လို သင်သင်မရဘူး ဖြစ်နေတယ်ဆိုရင် ပြန်သုံးသပ်ရမှာက ဒီအလုပ်ပေါ်မှာ သူရဲ့စိတ်နေသဘော ထားက ဘယ်လို ဖြစ်နေလို့လဲ ဆိုတာ အရင် လေ့လာရပါမယ်။
-
235
Wait For Your Best Future.
ဘယ်တော့ဖြစ်လာမလဲတွေးနေတယ်၊ မဖြစ်လာသေးတဲ့အပေါ်မှာစိတ်ဓာတ်တွေကျနေမိတယ်၊ ငါ့ဘ၀က ကံဆိုးလှချည်လား သူများတွေတော့ဖြစ်နေပြီးဘယ်လောက်ထိစောင့်ရမှာလည်းဆိုကာ တွေးပူနေမိတာအမှန်ပါ။ ဒါမျိုးက လူအားလုံးနီးပါးမှာမသိ လိုက်မသိဘာသာ ဖြစ်နေတာမျိုး။ ဒီနေရာမှာမြင်မိတာက နှစ်ပိုင်းကွဲမယ်၊ အတိတ်ကံနဲ့လက်ရှိမှာလုပ်ဆောင်နေတဲ့ ကံ ဆိုပြီး ကွဲသွားမယ်။ အတိတ်ကံက သွားပြောင်းလဲလို့မရဘူး၊မွေးရာပါကတည်းက အော်တိုတပ်ထည့်ထားပြီးသား၊ ဘယ်လို ဖြစ် မယ်၊ ဘယ်လိုသွားရမလဲ၊ဘယ်လိုကြုံမလဲ စတဲ့အရာတွေ။ သို့သော် လက်ရှိမိမိတို့လုပ်တဲ့ ကံအတိုင်းဖြစ်လာတဲ့အသီးအပွင့် တွေက သီးသန့်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မိမိအနေနဲ့ ထိုအနာဂတ်မှာမြင်ချင်တဲ့သူအဖြစ်နဲ့ ပိုပြီးနီးစပ်ခွင့်ရချင်တယ်၊လွယ်လွယ်ပြောရင် ချက်ခြင်းလက်ငင်းကိုသွားပြီး ခံစားစံစားချင်နေမိတယ်။ဒီတော့ဘာလုပ်လို့ရမလဲပေါ့။ ဒါကိုတွေးနေရင်တော့ အခုပြောမယ့်အချက်လေးတွေကိုကြိုးစားပြီး လိုက်လုပ်ကြည့်ပါ။
-
234
Your past is not the same as your future.
တောက်ပတဲ့ အနာဂါတ်ကို ရှိဖို့ဆိုတာလူတိုင်းလိုချင်တဲ့ ပန်းတိုင်ဆိုတာ သေချာပါတယ်။ ပညာရေး၊ အောင်မြင်မှု၊ ပျော်ရွှင်တဲ့မိသားစုရှိခြင်း၊ ကျော်ကြားခြင်း၊ ချမ်းသာမှု စတာတွေကတော့ လူအများစုအဓိပ္ပါယ်ဖွင့်လေ့ရှိတဲ့ တောက်ပတဲ့ အနာဂတ် သတ်မှတ် ချက်တွေပဲ ဖြစ်ပါတယ်။ နားဆင်သူတို့ကရောဘယ်လိုမျိုး တောက်ပတဲ့ အနာဂတ် နေ့ရက်တွေကို ပိုင်ဆိုင်ချင်ပါသလဲ။ ဘယ်လို အရာမျိုးကကိုယ့်ရဲ့ အနာဂတ်ပန်းတိုင် ဖြစ်ပါစေ၊ ကိုယ်တိုင် ကိုယ်လိုချင်တဲ့ အရာကိုသေချာသိဖို့လိုပါတယ်။ ဒီလိုသေချာသိရင် အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်မှာပါ။ လိုချင်တဲ့အနာဂတ်ကို ရရှိဖို့ဆိုရင် ကျရှုံးမှုတွေ၊ ဆုံးရှုံးမှုတွေ ဒါမှမဟုတ် ဆိုးရွားတဲ့အတွေ့အကြုံတွေ၊ ဆိုးရွားတဲ့အဖြစ်အပျက်တွေ ကိုလည်းကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအရာတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ ဘယ်လိုပဲ ကျရှုံးမှုတွေ ကို ကြုံခဲ့ရပါစေရှေ့ဆက်လျှောက်ဖို့ပဲ လိုပါတယ်။ အတိတ်မှာ နစ်မွန်းမနေဘဲ ရှေ့ဆက်လျှောက်မှာသာလိုချင်တာကို ရရှိ နိုင်မှာ ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Anthony Robbins က “မင်းရဲ့အတိတ်ဟာ မင်းရဲ့အနာဂတ်နဲ့ မတူဘူး၊အရေးကြီး တာက မင်းအတိတ်မှာ ဘာလုပ်ခဲ့လဲဆိုတာမဟုတ်ဘဲ အခုမင်းဘာလုပ်နေလဲ ဆိုတာပါပဲ” လို့ဆိုခဲ့ပါတယ်။
-
233
One of the most basic things to become a confident person is to realize yourself.
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရဖို့ ပြောသလောက်လွယ်မယ်ထင်လား။ အောင်မြင်ကျော်ကြားသူတွေမှာ တွေ့ရတဲ့ အဓိကအကျဆုံး အရည်အချင်းတွေထဲကတစ်ခုမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ဆိုတာဟာ ပြောတော့သာ လွယ်ပေမယ့် တကယ်လက်တွေ့မှာတော့ ထင်သလောက်မလွယ်ကူပါဘူး။ သင်ကိုယ့်သင် ယုံကြည်မှုရှိတဲ့ လူတစ်ယောက် ဖြစ်လာ ဖို့ ကိုယ်တိုင်အချိန်ယူတည်ဆောက်လေ့ကျင်ယူရမှာ ဖြစ်ပါတယ်။မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာတာနဲ့အမျှလူတွေမှာ Powerful အဖြစ်ဆုံး လို့ပြောလို့ရတဲ့ စိတ်ရဲ့စွမ်းအားတွေကို ကောင်းကောင်း ထိန်းချုပ်အသုံးချလာနိုင်မှာဖြစ်ပြီး ကိုယ်လျောက် လှမ်းရာ နယ်ပယ်အသီးသီးမှာအကျိုးဖြစ်ထွန်းအောင်မြင်မှုတွေ ရယူလာနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိသူတစ်ယောက် ဖြစ်လာဖို့ အခြေခံအကျဆုံး အချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ်သိမြင်အောင် ၊ ကိုယ့် ကိုယ်ကိုယ် နားလည်အောင် အရင်ဆုံး ကြိုးစားရမှာပါ။ကိုယ့်ရဲ့အကြိုက်တွေကို သိနေရမှာဖြစ်သလို ပိုအရေးကြီးတာက ကိုယ် ဘာတွေမကြိုက်ဘူးဆိုတာတွေကိုလည်း သိထားရမှာပါ။
-
232
It should not be taken as a kind of loss for yourself while thinking only for others.
အားနာတတ်လွန်းလို့ ကိုယ့်ဆီကနေပါပါသွားရတဲ့ကိစ္စဖြစ်ဖူးကြလား။ ဒါဆိုရင်တော့လုပ်စရာအချက်များများစားစားမရှိပါဘူး။ ဒီနေ့အတွက်စကားကအားနာတတ်လွန်းတဲ့သူတွေအတွက်ပါ။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ပြတ်ပြတ်သားသားငြင်းပါ ။ ကိုယ့်မှာလည်းကိုယ့်အချိန် ၊ ကိုယ့်ဘဝရှိသေးတဲ့အတွက် သူများကိစ္စတွေပဲလုပ်ပေးနေလို့မရဘူးလေ ။ အဲ့ဒီတော့ ကိုယ် လည်း အကျိုးအမြတ်တစ်စုံတစ်ရာမရဘဲကိုယ့်ရဲ့အချိန်တွေကို ဖဲ့ပေးရမယ့်ကိစ္စတွေဆိုရင်တော့ ငြင်းရပါလိမ့်မယ် ။အဲ့ဒီလို ငြင်းတဲ့အခါမှာလည်း နောက်တစ်ခါ ဒါမျိုး လာမလုပ်နိုင်အောင်ပါပြတ်ပြတ်သားသား ငြင်းဖို့လိုပါတယ် ။ ကိုယ်က မယုတ် မလွန်ပြောပြီး ငြင်းတော့ငြင်းလိုက်နိုင်ပါရဲ့ ။ နောက်တစ်ခါ အခွင့်ကြုံတော့ လာပြီး ထပ်လုပ် ခိုင်းနေရင်ဇာတ်လမ်းတွေရှည်နေရမယ်မဟုတ်လား ။ အဲ့ဒီတော့ဒါမျိုးကိစ္စတွေဆိုရင်တော့ မလုပ်နိုင်ကြောင်း တစ်ခါတည်း ပြောပြီးအပြတ်ဖြတ်လိုက်ပါ ။
-
231
Find Yourself First Always.
တစ်နေ့ထက်တစ်နေ့ ရှင်သန်မှုတွေက ခက်ခဲလာလာတာနဲ့အမျှ ကျွန်တော်တို့က စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ စားဝတ် နေရေးကိစ္စရပ်တွေကိုသာပိုပြီးအာရုံစိုက်မိကြတယ်မဟုတ်လား?ပင်ပန်းနေတယ် ဝမ်းနည်းနေတယ် စိတ်ဓာတ်ကျနေတယ်ဆိုရင် တောင်မှ ဘာမှမဟုတ်ပါဘူးလေ ဆိုပြီး ဒီတိုင်းပဲပစ်ထားမိတဲ့အချိန်ကများပါတယ်။ ‘စိတ်ဓာတ်ကျရင်စာဖတ်ပါ၊ အပေါင်းအသင်း တွေနဲ့တွေ့ပါ၊ အကောင်းမြင်စိတ်မွေးပါ..’ ဒါတွေသိထားပေမယ့်လဲတကယ်တမ်း ဖြစ်လာရင် လိုက်လုပ်ဖို့ ကိုယ့်ဟာကိုယ် အနိုင်နိုင် ပဲဆိုတော့သိပေမယ့်လည်းလိုက်မလုပ်ဖြစ်တဲ့အချိန်တွေဆိုတာ အများကြီးပဲ မဟုတ်လား။ ဒီလိုဆိုတော့ ကျွန်တော်တို့က အကူညီအမြန်မရနိုင်တဲ့အချိန်တွေမှာတည်တည်ငြိမ်ငြိမ်နဲ့ပြသနာတွေရင်ဆိုင်နိုင်ဖို့အတွက်ကိုယ်တိုင်အဖြေရှာပြီးဖြေရှင်းနိုင်ဖို့လိုအပ်လာပါတယ် ။ ဒါဆိုတော့ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေဖို့ ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စေဖို့ ဘယ်လိုနည်းတွေကကျွန်တော်တို့ကို အထောက်အကူဖြစ်စေမှာလဲ။
-
230
No matter what kind of feeling it is, we should observe, understand and accept before we react.
ကျွန်တော်တို့အများစုဟာ ခန္ဓာကိုယ်ပိုမိုကျန်းမာသန်စွမ်းဖို့ အတွက် ပိုမိုအားစိုက်ထုတ် ပုံသွင်းလေ့ရှိကြပေမယ့် စိတ်နဲ့ ပတ်သက် လာရင်တော့မမြင်ရတဲ့အခါအရေးမကြီးသလို၊ မလိုအပ်သလိုထင်ကြတယ်၊ ဒီလိုနဲ့တစ်ခါတစ်လေ မိမိကိုယ် ကိုဘာဖြစ်နေမှန်း တောင်မသိတဲ့အခါတွေကိုကြုံဖူးကြမယ်ထင်ပါတယ်။ဒါကဘာကိုပြနေလဲဆိုတော့ မိမိကိုယ်ကိုယ်ပြန်လည် သိရှိမှုအားနည်းနေ (သို့)သတိမထားမိတာမျိုးဖြစ်နေလို့ပါ။ စိတ်တို့ရဲ့သဘောအရ တက်မယ်၊ ကျမယ်၊ ငြိမ်နေမယ်၊အသံလှိုင်း၊ ရေလှိုင်းလုံးတွေလိုပဲမဟုတ်ပါလား။ ကျွန်တော်တို့ရဲ့ခေါင်းထဲတစ်နေ့တာမှာ အတွေးပေါင်းသောင်းနဲ့ချီတွေ ဖြစ်နေကြတယ်၊ ကောင်းတာရောဆိုးတာရောအကုန်ပါ၀င်ပါတယ်၊ ခဏနေ စိတ်ဆိုး နေမယ်၊ ခဏနေ စိတ်ဓာတ်ကျနေမယ်၊ခဏနေတက်ကြွနေပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိမယ်၊ ပြုံးတဲ့အချိန်ရှိမယ်၊ ဘူနေဂါနေတဲ့အချိန်တွေရှိမယ်၊ မလန်းဆန်းနေတာမျိုးဖြစ်နေမယ်၊ မနာလို၀န်တိုမှုတွေရှိမယ်၊ငိုချင်နေမယ်၊ ရယ်ချင်နေမယ်၊ ကြောက်ရွံ့နေမိ မယ်၊ အတွေးလွန်နေ မယ်၊အပြစ်ရှိသလိုခံစားနေတဲ့အခိုက်အတန့်ရှိမယ်၊ အနာဂတ်ကိုတွေးပူပြီး၊တွေးကြောက်နေမိမယ်၊ အခက် အခဲတွေကြုံနေရလို့ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုလည်း တွေးပြီးရင်ထဲပူလောင်နေမယ်စတဲ့စတဲ့ခံစားမှုပေါင်း များစွာကို တစ်နေ့တာ အတွင်းမှာ ကြုံဆုံကြလေ့ရှိပါတယ်။
-
229
When life gives you lemons make lemonade.
ဘဝက သံပုရာသီးပေးလာရင် သံပုရာရည်ဖျော်သောက်လိုက်ပါဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားရဲ့ ဆိုလိုရင်းက ပြဿနာ နဲ့ အခက်အခဲတွေကြုံတွေ့ရရင် အခွင့်အရေးတစ်ခုအဖြစ်အသုံးချနိုင်ဖို့ တိုက်တွန်းတဲ့ သဘောဖြစ်ပါတယ်။ အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမျာပြဿနာနဲ့ အခက်အခဲတွေက မလွှဲမသေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြဿနာတွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲအသုံးချတတ်ဖို့ လိုပါတယ်။ ဒါဆို ပြဿနာနဲ့ အခက်အခဲတွေကြုံတွေ့လာရင် အခွင့်အလမ်းအဖြစ်ပြောင်းလဲအသုံးချနိုင်မယ့် နည်းလမ်း (၃)ခု ရှိပါတယ်တဲ့။
-
228
Never Forget To Love Yourself Truly & Deeply.
တခြားသူတွေကို ဂရုစိုက်ဖို့က အရေးကြီးသလိုကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း မေ့မထားသင့်ပါဘူး။ ကျွန်တော်တို့ တော်တော် များများကကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ကို လစ်လျူရှုထားမိကြပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့က ဘာကြောင့် အရေးကြီးလဲ? ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်ချစ်တက်ခြင်းက ဘယ်လိုကောင်းကျိုးတွေ ရှိစေလဲ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်ချစ်တက်ခြင်း အားဖြင့် ပထမဆုံးအနေနဲ့ စိတ်ဖိစီးမှု နည်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ဂရုစိုက်တဲ့ အလေ့အထကို မွေးမြူခြင်းဟာ နေ့စဉ် ဘဝထဲက စိတ်ဖိစီးမှုတွေအထိုက်အလျှောက် လျော့နည်းသက်သာသွားစေနိုင်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တက်ခြင်းကြောင့် ဘယ်အရာတွေက ကိုယ့်ကို ပင်းပန်စေတယ် ၊ ဘာတွေကတော့ စိတ်ဖိစီးမှုကိုဖြစ်စေတယ်ဆိုတာ ကောင်းကောင်းခွဲခြား သိနိုင် မှာဖြစ်ပြီးစိတ်ဖိစီးမှုကို လျှော့ချဖို့အတွက်မှန်ကန်တဲ့ ခြေလှမ်းတွေကိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။
-
227
Punctuality is a simple habit, but it can give you big benefits.
အချိန်တိကျခြင်းဟာ အရေးကြီးတဲ့စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် အချိန်တိကျဖို့ လိုအပ်တာလဲဆိုတာသိရှိနိုင်ဖို့ အချိန်တိကျခြင်းရဲ့ အရေးပါမှုတွေကို ပြောပြပေးရမယ်ဆိုရင် အချိန်တိကျခြင်းဟာဂရုစိုက်ခြင်းကို ဖော်ပြတယ်။ အချိန်တိကျ ခြင်းဟာ တဖက်သူရဲ့ အချိန်ကို ဂရုစိုက်ကြောင်းဖော်ပြတာပါပဲ။ တိုက်ရိုက်မဟုတ်နိုင်မယ့် အချိန်နောက်ကျမှာ ရောက် လာတတ် တာဟာ အချိန်ကိုမလေးစားတာ၊ တဖက်သူကို ဂရုမစိုက်တာပါပဲ။ အခုမှ စတင်တွေ့ဆုံဖို့ချိန်းဆိုမှုတွေမှာဆိုရင် အချိန် တိကျ ခြင်းဟာ ပထမဆုံးအမြင်ကို ကောင်းစေနိုင်ပါတယ်။ ယုံကြည်ထိုက်ခြင်းနဲ့တာဝန်ယူတတ်ခြင်းကို ဖော်ပြတယ်။ တစ်နေရာရာကို အချိန်မှီရောက်အောင် သွားဖို့က လွယ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေမယ်ဆိုရင် အရှေ့မှာပြောခဲ့သလိုဂရုမစိုက်တတ်သူအဖြစ် ထင်စရာပါပဲ။ အချိန်တိကျခြင်းဟာကိုယ့်ကိုကိုယ် ယုံကြည်ထိုက်တဲ့ပုဂ္ဂိုဟ် တစ် ယောက်အဖြစ် ပေါ်လွင်စေနိုင်တဲ့အပြင် လုပ်ဆောင်ရမယ့် အလုပ်ကိုအလေးထားတာဝန်ယူတတ်သူလို့လည်း မြင်စေနိုင်ပါတယ်။
-
226
What to do if you don't know what to do?
ဒီကမ္ဘာကြီးပေါ်မှာ လုပ်နိုင်တာဘာတစ်ခုမှမရှိတော့သလိုမျိုး၊ ဘာမှအဖိုးမတန်သလိုနဲ့ ဆက်လက်ရှင်သန်ဖို့ ရည်ရွယ်ချက် ရှာ မတွေ့တာမျိုးခံစားရဖူးပါသလား။ ဒီလို ခံစားချက်မျိုးနဲ့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတာမျိုးကအသက်အရွယ်မရွေး ခံစား ရနိုင်ပါတယ်။ အထူးသဖြင့် အနာဂတ်က မရေမရာဝေဝါးနေချိန်မျိုးမှာ ပိုသိသာပါတယ်။ ဒီခံစားချက်နဲ့ ရှင်သန်နေလို့ ဘာမှဖြစ် မလာဘူးဆိုတာတော့သတိရပါ။ ဒါ့ကြောင့် ဘဝမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အခါ လုပ်သင့်တဲ့အရာတွေကိုအကြံပေး ချင်ပါတယ်။ အနာဂတ်အတွက်အစီအစဉ်ဆွဲပါ။ ဘဝအတွက် အနာဂတ်အစီအစဉ်တွေမရှိရင် လမ်းပျောက်သလို ခံစားချက်ကပိုပြင်းထန်လာ တတ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာကလည်း မနက်ဖြန်မှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာမသိရလောက်အောင် အချိုးအကွေ့၊ အလှည့်အပြောင်းတွေ များလှပါတယ်။ ဒါပေမယ့်ဘာကိုပဲကြည့်တွေ့ရသည်ဖြစ်စေ ပျော်ရွှင်စရာတွေကို ရှာဖွေဖို့က ကိုယ်တိုင်ရဲ့ တာဝန်ပါပဲ။ ဝါသနာ၊ပျော်ရွှင်စေတဲ့ အရာတွေကို အခြေခံပြီး အစီအစဉ်ဆွဲပါ။ လိုချင်တဲ့ ဘဝတစ်ခုကိုပုံစံချပြီး တဆင့်ချင်းကြိုးစား အကောင်အထည်ဖော်ကြည့်ပါ။
-
225
Always doing what other people like is a sign of low self-esteem.
ကိုယ့်ရဲ့ အားလပ်ချိန်မှာ အခြားသူတွေရဲ့အလုပ်တွေကိုလုပ်ပေးရင်း အလုပ်ရှုပ်နေဖူးပါသလား...? ကိုယ်နဲ့ မဆိုင်တာတွေကို လိုက်ကူညီပေးရင်းသင်လုပ်ရမယ့်အလုပ်တွေ အပြီးမသတ်နိုင်တာမျိုး ဖြစ်ဖူးပါသလား...? ကိုယ်မသွားချင်တဲ့စားသောက်ဆိုင် တစ်ခုကိုပဲ သူငယ်ချင်းတွေကို အားနာလို့ လိုက်ထိုင်နေရတာမျိုးကြုံဖူးပါသလား...? ဒါတွေကို ကြုံဖူးတယ်ဆိုရင်တော့ ကိုယ်ဟာသဘောကောင်းတဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ဒါပေမယ့် တကယ်တော့ ကိုယ့်ရဲ့သဘောကောင်းမှုကိုလူတွေက ချနင်းနေတာ ကို သတိထားမိဖို့ လိုပါတယ်။အမြဲတမ်း အခြားလူတွေသဘောကျလိုက်လုပ်နေတာက ကိုယ့်ကိုကိုယ် လေးစားတန်ဖိုးထားမှုကင်းမဲ့နေတဲ့ လက္ခဏာပါပဲ။ ဒါကို အသုံးချပြီး ကိုယ့်အပေါ်လူတွေကဖြတ်လျှောက်နေကြတာပါ။ ဒါဆိုရင် အဲဒါကို ဘယ်လိုပြင်ရမလဲ။ ငြင်းချင်နေတာကိုငြင်းလိုက် ပါ။ လူတွေ သဘောကျစေဖို့ ကိုယ့်ရဲ့ အချိန်တွေ၊ ငွေတွေ ဖြုန်းတီးနေမိတာကို ရပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ငြင်းစရာရှိတာကို ငြင်းပါ။ ကိုယ်တိုင်စိတ်မပါတဲ့အကြောင်းအရာတွေ၊ မလုပ်ချင်တဲ့အလုပ်တွေကို ငြင်းဖို့ အားနာမနေပါနဲ့။ကူညီပေးချင်တယ် ဆိုရင်တောင် ကိုယ့်ဖက်မှာ မထိခိုက်အောင် အရင်ဦးစားပေးပါ။
-
224
Have you found true happiness?
ပျော်ရွှင်မှုအစစ်အမှန်ကို ရှာတွေ့ပြီလား? ဒီမေးခွန်းကိုဖြေဖို့ဆိုရင်ပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာ အရင်သိထားဖို့လိုမှာပေါ့။စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ နှလုံးသား၊ စိတ်အတွင်းပိုင်းထဲမှာတည်ရှိနေတဲ့ အကြည်ဓာတ်လေးတွေပါပဲ။ အခု ဒါကို အတူတူရှာဖွေကြည့်လိုက်ရအောင်။ ငြိမ်းချမ်းပြီး တိတ်ဆိတ်နေဖို့မလိုတဲ့ စိတ်တွင်းပျော်ရွှင်မှု။ ကိုယ့်ရဲ့စိတ်အတွင်းထဲကအကြည်ဓာတ်လေး၊ အေးချမ်းမှုလေးရဖို့ဆိုရင် ရုပ်ရှင်တွေ၊ စာအုပ်တွေထဲကလိုဘယ်သူမှမရှိတဲ့တောင်ပေါ်တစ်နေရာ၊ ဒါမှမဟုတ် ရေတံခွန်နံဘေးမှာ တရားထိုင်နေရမယ်ဆို တာမျိုး လက်တွေ့မှာမလိုအပ်ပါဘူး။ အပြင်မှာဘယ်လောက်ပဲ ဆူညံနေပါစေ၊ ပြဿနာတွေရှိနေပါစေ၊ ကိုယ့်ရဲ့စိတ်အတွင်းထဲမှာ ပျော်ရွှင်မှုလေးတွေကို ရှာဖွေတည်ဆောက်လို့ရပါတယ်။
-
223
Enjoy every episode in life.
ကျွန်တော်တို့လူတွေဘဝက အပိုင်းဆက်တွေနဲ့ခရီးရှည်ကြီးတစ်ခုပါ။ Series တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ခရီးစဥ်တလျှောက် သွားရာလမ်းမှာ episode တွေက အမျိုးမျိူးဖြစ်နိုင်ပါတယ်။ စိတ်ဆင်းရဲစရာ, အဆင်မပြေမှု,ကျရှုံးမှုတွေချည်းကြုံရတဲ့ episode တွေရှိနိုင်သလို အောင်မြင်ပျော်ရွှင်ပြီးအဆင်ပြေမှုတွေနဲ့ ပြည့်နေတဲ့ episode တွေလည်းရှိနိုင်ပါတယ်။ တစ်လှည့်စီကြုံရတာ ဖြစ်နိုင်သလို, မကောင်းတဲ့ episode တွေချည်း ၅ပိုင်းလောက်ဆက်တိုက် ကြုံရတာ ကောင်းတဲ့ episode တွေချည်း ဆက်တိုက်ကြုံရတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ် episode ကို ဘယ်လောက်ကြာကြာ ဘယ်လို ကြုံရမလဲကတော့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဘယ်အပိုင်းပြီးရင်ဘယ်အပိုင်း လာမလဲလည်း ဘယ်သူမှ မသိနိုင် ပါဘူး။ဒါက လူ့လောကသဘာဝ ဖြစ်ပြီးဘယ်သူမှရှောင်လွဲလို့ မရတာတော့ အမှန်တရားပါ။ ကျွန်တော်တို့ လုပ်ရမှာကအောင်မြင်ပျော်ရွှင်တဲ့ episode ထဲ ရောက် နေလည်းလုပ်သင့်လုပ်ထိုက်တာတွေမေ့ပြီး အစွန်းရောက် ပျော်မြူးမနေဖို့ စိတ်ညစ်စရာတွေကြုံရပြီးအဆင်မပြေတဲ့ episode ထဲရောက်နေလည်း အစွန်းရောက်ပြီး စိတ်ဓါတ်တွေမကျသွားဖို့, lesson learn ယူပြီးကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေဖို့ အရေးကြီးတာပါ။
-
222
Comparing yourself to others hinders your progress
ကိုယ့်ကိုယ်ကိုယ် အခြားသူ တွေနဲ့ နှိုင်းယှဥ်နေတုန်းလား။ မိမိကိုယ်ကို အခြားသူ တွေနဲ့ နှိုင်းယှဥ် ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခ ပြန်ပေးနေမိပါသလား။ ဒါဆိုရင်တော့ ပူလောင်သောကတွေနဲ့ပြည့်နှက်နေမှာအမှန်ပါပဲ။ ဒါ့အပြင် ဆိုးကျိုး တွေကိုလည်း ခံစားရ နိုင်ပါသေးတယ်။ အသိသာဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ လျော့ကျစေတယ် ဆိုတဲ့အချက်ပါ။ ဒီအချက်ကတော့ အဆိုးရွားဆုံးပါပဲ။ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ပြိုင်ဆိုင်နေတဲ့အခါ သူတို့ရဲ့အားသာချက်တွေကိုပဲ မြင်ယောင်နေမိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ကာသိမ်ငယ်စိတ်တွေ ဝင်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယစိတ်တွေ ကြီးလာပြီးယုံကြည်ချက်တွေ လျော့ကျသွားပါ လိမ့်မယ်။ အခြားသူ နှိုင်းယှဥ်ရင်းနဲ့ ကိုယ့်ရဲ့ တိုးတက်မှုတွေကိုအတားအဆီးဖြစ်စေတယ်။ အခြားသူအပေါ်ပဲ အာရုံစိုက်နေမိတဲ့အတွက် ကြောင့်ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မေ့နေတတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ကြီးနေခြင်းမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့ တိုးတက်မှု အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုတာ မသိတော့ဘဲ ကိုယ့်ဘဝတိုးတက်မှုအတွက် အတားအဆီး တစ်ခုလိုဖြစ်နေ ပါတော့တယ်။ နောက်ပြီးရင် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်ဖို့အတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါသေးတယ်။
-
221
Face new challenges and improve your skills.
ကျွန်တော်တို့မှာ အိပ်မက်တွေလည်း ရှိတယ်၊ရည်မှန်းချက်တွေလည်း ရှိပေမယ့် ထို အိပ်မက်တွေ ရည်မှန်းချက်တွေကို အမှန်တ ကယ်ဖြစ်မြောက်လာအောင် မလုပ်ဆောင်ဘဲ၊ စိတ်ကူး နဲ့ပဲ ရူးနေမယ်ဆိုရင်တော့ ဘဝက ဒုံရင်း ကဒုံရင်းပဲ ဖြစ်နေမှာပါ။ ဘဝကို ဒီ့ထက် ပိုပြီး တိုးတက်လာချင်တယ်ဆိုရင်တော့ပြုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။ အခုချက်ချင်း ထလုပ်ပါ။ တချို့လူတွေကတော့ သူတို့လုပ်ချင်တဲ့အရာတွေ ဖြစ်စေချင်တဲ့အရာတွေကို သိုသိုသိပ်သိ ကြိတ်မှိတ်ကာ ပြုလုပ်ရင်းနောက်ဆုံးမှာတော့ သူတို့ရဲ့ အောင်မြင်မှုကို ချပြလိုက်ကြပါတယ်။ နားဆင်သူတို့လည်းအောင်မြင်ချင်တယ်ဆိုရင်တော့ အခုချက်ချင်း လုပ်စရာရှိတာကို ထလုပ်လိုက်ပါ။လုပ်ချင်စိတ် မရှိသေးဘူးဆိုရင် တောင်မှ ၅ မိနစ်တန်သည်၊ ၁၀ မိနစ်တန်သည်ထလုပ်လိုက်ပါ။ ဘာပဲလုပ်လုပ် အမြတ်ပါပဲ။ နို့မဟုတ်ရင်တော့ ဘဝကြီးကရေစုန်မျောသွားပါလိမ့်မယ်။
-
220
Live Each Day As If It Were Your Last.
လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက်ထိန်းချုပ်ပိုင်ခွ့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။ အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင်ဘဝက ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့ အမှားကြီးမှားနေပြီလို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာက နောက်ဆုံးအချိန်အထိ ပြဿနာတွေမကင်းနိုင်တာကြောင့်ပါပဲ။ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေ ဘယ်လောက်ပဲ ရှိရှိပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။ ဒါ့ကြောင့် လိုချင်တဲ့ ဘဝမျိုးကိုတကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြဿနာတွေ အဆုံးသတ်သွားဖို့ မျှော်လင့်နေမယ့်အစားလက်ရှိဘဝကို မှန်ကန်တဲ့ အမြင်၊ ခံယူချက်နဲ့ ရှင်သန်နိုင်ဖို့ လိုပါတယ်။
-
219
You Have The Right To Control Your Own Life.
လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက် ထိန်းချုပ်ပိုင်ခွင့်ရှိပါတယ်။ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာ ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။ အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေ မရှိတော့ဘူးဆိုရင်ဘဝက ကိုယ်လိုချင်တဲ့အတိုင်းဖြစ်လာမယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့အမှားကြီးမှားနေပြီလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာကနောက်ဆုံးအချိန်အထိ ပြဿနာတွေ မကင်းနိုင်တာကြောင့်ပါပဲ။ နေ့ရက်တိုင်းမှာစိန်ခေါ်မှုအသစ်တွေ ရှိနေမှာပါ။ အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေဘယ်လောက်ပဲ ရှိရှိ ပြဿနာတစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရဦးမှာပါပဲ။ ဒါ့ကြောင့်လိုချင်တဲ့ ဘဝမျိုးကို တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြဿနာတွေအဆုံးသတ်သွားဖို့မျှော်လင့်နေမယ့်အစား လက်ရှိဘဝကို မှန်ကန်တဲ့ အမြင်၊ ခံယူချက် နဲ့ရှင်သန်နိုင်ဖို့ လိုပါတယ်။
-
218
Punctuality Is A Simple Habit, But it Can Have Huge Benefits.
အချိန်တိကျခြင်းဟာ အရေးကြီးတဲ့စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် အချိန်တိကျဖို့ လိုအပ်တာလဲ။အချိန်တိကျခြင်းဟာဂရုစိုက်ခြင်းကို ဖော်ပြတယ်။အချိန်တိကျခြင်းဟာ တဖက်သူရဲ့ အချိန်ကိုဂရုစိုက်ကြောင်း ဖော်ပြတာပါပဲ။ တိုက်ရိုက်မဟုတ်နိုင်မယ့် အချိန်နောက်ကျမှာရောက်လာတတ်တာဟာ သင့်အနေနဲ့ အချိန်ကို မလေးစားတာ၊ တဖက်သူကို ဂရုမစိုက်တာပါပဲ။ အခုမှစတင်တွေ့ဆုံဖို့ ချိန်းဆိုမှုတွေမှာဆိုရင် အချိန်တိကျခြင်းဟာ ပထမဆုံးအမြင်ကိုကောင်းစေနိုင်ပါတယ်။ ယုံကြည်ထိုက်ခြင်းနဲ့ တာဝန်ယူတတ်ခြင်းကို ဖော်ပြတယ်။ တစ်နေရာရာကိုအချိန်မှီရောက်အောင် သွားဖို့က လွယ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သင်နောက်ကျနေမယ်ဆိုရင် အပေါ်မှာပြောခဲ့သလို ဂရုမစိုက်တတ်သူအဖြစ် ထင်စရာပါပဲ။အချိန်တိကျခြင်းဟာ သင့်ကိုယ်သင် ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုဟ်တစ်ယောက်အဖြစ်ပေါ်လွင်စေနိုင်တဲ့အပြင် လုပ်ဆောင်ရမယ့် အလုပ်ကို အလေးထားတာဝန်ယူတတ်သူလို့လည်းမြင်စေနိုင်ပါတယ်။
-
217
At the end of every dark chapter, a stronger you is born.
အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ ။ အခက်ခဲတွေဟာဘယ်နေရာကိုရောက်ရောက် တွေ့နေရမှာပဲ ၊ ဒါဟာ လောကရဲ့ နိယာမတစ်ခုပါ ။ ငယ်ဘဝက အခက်ခဲတွေ များခဲ့တဲ့ လူတွေဟာ အရွယ်ရောက်ပြီးကြုံရတဲ့ လုပ်ငန်းခွင် ပြဿနာတွေ ၊ ငွေကြေးပြဿနာတွေကို သိပ်မကြောက်တော့ဘူး ။ဒီ့ထက်ဆိုးတဲ့ အခြေနေတွေကိုတောင် ဖြတ်သန်းခဲ့ပြီးသားပဲမဟုတ်ပါလား ။ဒဏ်ရာတွေများတဲ့သူဟာ ဘယ်အနာကနာလို့ ၊ နာရမှန်းမသိအောင်ကို အသားကျသွားသလိုပေါ့။အခက်ခဲတွေကပဲ သန်မာစေခဲ့ပါတယ်။
-
216
Never Forget To Love Yourself.
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုချစ်ပါလို့ ပြောတဲ့အခါ တစ်ချို့က နားလည်မှုလွဲ သွားတာမျိုးရှိတယ်။ ကိုယ့်ကိုယ် ကိုချစ်တာက အတ္တကြီးခြင်းတစ်မျိုးလားပေါ့။ တကယ်တော့ကိုယ့်ကိုယ်ကို ချစ်တာကအတ္တကြီးတာမဟုတ်ပါဘူး။ လူတစ်ယောက် က မိမိကိုယ်ကိုလည်း ချစ်ခင်နိုင်ဖို့လိုအပ်ပါတယ်။ လူတွေက များသောအားဖြင့် ကိုယ်ချစ်ရတဲ့ တခြားလူတွေကို ချစ်ခင်ကြောင်းဖော်ပြတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်ကိုယ်ကို ချစ်ကြောင့်ဖော်ပြဖို့တော့ မေ့နေတတ်ကြပါတယ်။ ကိုယ့်ကိုယ် ကိုယ် ချစ်တာက ကောင်းမွန်တဲ့အရာတစ်ခုပါ။ မိသားစုထဲမှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကျရာနေရာမှာ တန်ဖိုးရှိပြီး အရေးပါတဲ့ လူတစ်ယောက်ဖြစ်စေဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လူတစ်ယောက်ဟာကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် အခြားသူတွေကို ချစ်ခြင်း မေတ္တာတွေ ပြည့်ပြည့်ဝဝမျှဝေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး ကိုယ့်မှာရှိနေတဲ့ လိုအပ်ချက်ကိုဆန်းစစ်ပြီး ကိုယ့်ကိုယ် ကိုယ် ချစ်ခင်တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်လိုအပ်ချက်ကိုအရင်ဆုံးပြင်ဆင်ဖြည့်ဆည်းလိုက်မယ်ဆိုရင် အခြားသူတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ ပိုတွေးတတ်လာပါလိမ့်မယ်။
-
215
Money Can't Buy Happiness.
ငွေဆိုတာ ဒုတိယဘုရားသခင်လို့ လူအများက တင်စားခေါ်ဝေါ်ကြပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို ငွေနဲ့ ဝယ်လို့ မရပေမယ့် ငွေရှိတဲ့ သူတွေကတော့ငွေများ တရားနိုင်ဆိုပြီး ကျင့်ကြံနေကြတာပါပဲ။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့စိတ်နဲ့ ပိုက်ဆံ နောက်ကို သည်းကြီး မည်းကြီး လိုက်ရင်း ကုန်းရုန်းပြီးပိုက်ဆံရှာကြရပါတော့တယ်။ ဒီလိုမျိုး သည်းကြီး မည်းကြီး ပိုက်ဆံ နောက် လိုက်လွန်းတဲ့အခါ ဘာတွေဖြစ်တတ်ပါသလဲ။ ပထမထိခိုက်မယ့် အရာကတော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးပဲဖြစ်ပါတယ်။အလုပ်တွေချည်းပဲ ကုန်းရုန်းလုပ်လာတဲ့အခါ ထမင်း စားချိန် တွေလည်း မမှန်တော့ပါဘူး။အိပ်ချိန်တွေလည်း နည်းလာပြီး ကျန်းမာရေးလည်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ ပထမ တစ်လ၊နှစ်လ ကတော့ သိပ်သိသာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အစာအိမ်က ရောဂါထလာလိုက်၊ အစာအိမ် ကုပြီး သွားတဲ့ အခါ ကျောက်ကပ်က ရောဂါ ထလာလိုက်နဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများက တစ်ခုပြီးတစ်ခု ပျက်ယွင်းလာမှာပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျန်းမာရေး ထိခိုက်လာတဲ့အခါ ရှာသမျှ ပိုက်ဆံတွေကလည်း အဆုံးသတ်မှာ ကုန်သွားမှာပါပဲ။
-
214
The Future All Depends On Us.
အနာဂတ် လှပဖို့က ကျွန်တော်တို့ ပေါ်မှာသာမူတည်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် လှပ ပြီး အောင်မြင်ချင်တယ် ဆိုရင်တော့မပျင်းမရိဘဲနဲ့ ကြိုးစားတတ်ဖို့ လိုပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ကြိုးစားခြင်းအပြင် အခြားသော လုပ်ဆောင်ရမယ့်အချက်တွေပါ လုပ်ဆောင်မှသာလျှင်အနာဂတ်ကလှပလာမှာပဲဖြစ်ပါတယ်။ အမှားကနေသင်ခန်းစာယူတတ်ခြင်း။ အမှားတွေဆိုတာ တစ်ချိန်လုံး ထွေးပိုက်ထားပြီးတမြေ့မြေ့နဲ့ နောင်တရနေရမယ့် အရာ မဟုတ်ပါဘူး။ အမှားတွေဆိုတာသည် တစ်ချိန်ချိန်မှာအောင်မြင်လာအောင် ကူညီပေးမယ့်အရာတစ်ခုဖြစ်ပါတယ်။ အမှားထဲကနေ သင်ခန်းစာယူတတ်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက်ပါပဲ။ အောင်မြင်ချင်သူတိုင်းက ထိုအမှားကနေသို့မဟုတ် ကျရှုံးမှုကနေ သင်ယူတယ်၊ ပြင်ဆင်တယ်၊ ပြီးနောက် မိမိလိုချင်တဲ့အောင်မြင်မှုဆီရောက်အောင် တစိုက်မတ်မတ်လျှောက်လှမ်းသွားနိုင် ကြပါ တယ်။
-
213
There is only a fine line between self-confidence and arrogance.
မိမိကိုယ်ကို ယုံကြည်မှုဟာ လူမှုဆက်ဆံရေးနဲ့လုပ်ငန်းခွင်အောင်မြင်ရေးတို့မှာ လိုအပ်တဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။သင့်ကိုယ်သင်နဲ့ သင့်ရဲ့ အလုပ်အကိုင်၊ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေပေါ်မှာယုံကြည်မှုရှိနေရမှာပါ။ ဒါပေမယ့် မိမိကိုယ် ကိုယ် ယုံကြည်မှုရှိခြင်းနဲ့ထောင်လွှားမောက်မာခြင်းကြားမှာ စည်းလေးတစ်ခုသာ ခြားထားတယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။ မိမိကိုယ်ကိုယ်ယုံကြည်မှုကအပြုသဘောဆောင်အကောင်းမြင်စိတ်ကို အခြေခံတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေကသူတို့အပေါ် အခြားသူတွေရဲ့ ဘယ်လိုသဘောထားမလဲဆိုတာကို စိုးရိမ်ပူပန်လေ့မရှိပါဘူး။သူတို့ကိုယ်သူတို့ ယုံကြည်စိတ် အပြည့် ရှိတာကြောင့် အခြားသူတွေရဲ့အတည်ပြုအားပေးမှုကို မလိုအပ်ကြပါဘူး။ သူတို့ကိုယ်တိုင် အကောင်းမြင်စိတ်နဲ့အကောင်းဆုံး လုပ်ဆောင်တတ်ကြပါတယ်။
-
212
Let go of the habit of not valuing time. Let go of the habit of making excuses. Let go of past failures.
အချိန်ကို တန်ဖိုးမထားတတ်တဲ့ အကျင့်ကိုထားခဲ့လိုက်ပါ။ အချိန်နဲ့ ပတ်သတ်ပြီး ဘယ်လိုခံယူချက် ရှိပါသလဲ။အချိန်ကို လေးစား မှုမရှိခြင်းက ကိုယ့်ဘဝအတွက် မကောင်းသော သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင် အချို့သောလူများက တစ်ခါတစ်လေ ကျရင် ချက်ချင်းထလုပ်သင့်တဲ့အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်၊ မနက်မှလုပ်မယ် စသည်ဖြင့်အချိန်ဆွဲတတ် ကြပါတယ်။ ဒီလို အကျင့်မျိုးရှိရင် ဒီနှစ်မှာပဲ ထားခဲ့လိုက်ပါ။ယနေ့ခေတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နေတဲ့သူတွေဟာအချိန်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီး အချိန်ဆွဲတတ်တဲ့ အကျင့်မရှိပါဘူး။ ဒါကြောင့်တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိူးတာမျိုးဖြစ်စေချက်ချင်းထလုပ်လိုက်ပါ။ ဘဝ တစ်လျှောက်လုံး အောင်မြင်မှုကို လိုချင်ရင် တစ်သက်လုံးလိုက်နာသွားရမယ့် အမူအကျင့်ပါ။ ဆင်ခြေပေးတတ်တဲ့ အကျင့်ကို ထားခဲ့လိုက်ပါ။ တစ်ခုခုဆို ဆင်ခြေပေးတတ်တဲ့ အကျင့်ရှိပါသလား ဒါမဟုတ် တာဝန်ယူ ပြီးဆုံး အောင်လုပ်ပေးတတ်တဲ့ အကျင့် ရှိပါသလား။ ကိုယ့်ရဲ့အမှားတစ်ခုကိုဖြစ်စေ၊ အလုပ်တစ်ခုကိုပြီးမြောက် အောင်မြင်အောင် ဆောင် ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေပေးခြင်းကိုရှောင်ပါ။ ကိုယ့်ရဲ့ အမှား၊ကိုယ့်ရဲ့ ကြိုးစားမှု လိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်းဘဝတိုးတတ်အောင်မြင်ရေးကို ထိခိုက်စေတဲ့ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။
-
211
The ability to convince people is a useful skill for success in life.
ဘဝမှာ တွေ့ဆုံရသူမျှ လူတိုင်းကို ကိုယ့်အပေါ်မှာယုံကြည်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဘဝကြီးက ပိုမိုလွယ်ကူသွားမယ် မဟုတ်ပါလား။တကယ်တော့ လူတွေကို ယုံကြည်လာအောင် သိမ်းသွင်းစည်းရုံးနိုင်စွမ်းကဘဝတိုးတက်အောင်မြင်ရေးအတွက် အသုံးဝင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အခြားသူတွေကိုယုံကြည်လာအောင် သိမ်းသွင်းစည်းရုံးရာမှာ ရိုးသားမှုရှိဖို့ အရေးကြီး ပါတယ်။လှည့်စားတာ၊ ကြိုးကိုင်ချယ် လှယ်တာတွေက ခဏတာအတွက်သာ အသုံးဝင်နိုင်ပြီး ရေရှည်မှာဆန့်ကျင်ဖက် ရလဒ် တွေကိုပဲ ရရှိစေနိုင်ပါတယ်။ သူတို့ရဲ့ရှုထောင့်/အမြင်ကို နားလည်အောင်ကြိုးစားပါ။လူတိုင်းက ဘဝကိုသူတို့ရဲ့ကိုယ်ပိုင်အမြင်နဲ့ပဲ ကြည့်ကြပါတယ်။ သင်ကိုယ် တိုင်ရဲ့သင့်ရဲ့အလုပ်အကိုင်၊ အချစ်ရေး၊ ရည်မှန်းချက်၊ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးသင့်ရဲ့ ကိုယ်ပိုင်အမြင်ပေါ်မှာပဲ အဓိပ္ပါယ် သတ်မှတ်မှာပါ။ ဒါ့ကြောင့်အခြားသူတွေကို သင့်အပေါ်ယုံကြည်စေချင်ရင် သူတို့ရဲ့ အမြင်ကို နားလည်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့နေရာကနေ ဝင်ပြီးခံစားရှုမြင်သုံးသပ်ဖို့ပါပဲ။
-
210
Trust Your Intuition. Believe in your own worth. Practice Self-love. Listen to your talents. Prioritize your joy.
မိမိတို့ရဲ့ရင်တွင်းစကားသံ(အလိုအလျှောက်ဖြစ်လာတဲ့စိတ်သတိ) ကိုယုံကြည်ပါ။ ပုံမှန်အားဖြင့် မိမိတို့ရဲ့အောက်ဆုံးအလွှာမှာရှိတဲ့ ရင်တွင်းကလာတဲ့အသံတွေက လိမ်ညာမှုမရှိကြပါဘူး။ကိုယ့်အနေနဲ့ဘာလိုချင်တာလဲ၊ ဘာလိုနေတာလဲ၊ ဘယ်သွားချင်တာလဲကို သူကသိနေပေမဲ့ကိုယ်ကသေချာ ကိုယ့်ရဲ့ အတွင်းစကားသံကိုနားထောင်ဖို့အချိန်ပေးလေ့မရှိတာတွေ ကြောင့်လက်ခံဖို့ခက်နေတတ်တယ်။ တကယ်တော့ မိမိရဲ့ intuition ကိုနားထောင်နိုင်တာကမိမိတို့ရဲ့ superpower ဖြစ်တယ်။ Believe in yourown worth- လူတွေနဲ့၀င်ဆံ့ဖို့မိမိကိုယ်ကိုယ်ပြောင်းလဲနေထိုင်ဖူးလား? သူတို့ကဒါလေးကိုကြိုက်လို့ ကိုယ်က လိုက်ပြောင်းနေလိုက်တာ၊ အသိတွေမိတ်ဆွေတွေ ထားခဲ့မှာ (သို့) မရတော့မှာကြောက်လို့သူတို့လုပ်တဲ့အတိုင်းရောချလိုက်တာ၊ ရင်ထဲမှာတော့ ခွာပေါင်းနေသလိုဖြစ်နေမိမယ်။ဒါ့အပြင်မိမိတို့ရဲ့ဖြစ်တည်နေတဲ့ ပုံပန်းသဏ္ဍာန်ကို အလိုမကျဖြစ်ပြီး insecurityဖြစ်ပြီး နေသာထိုင်သာမဖြစ်တာမျိုးဖြစ်ဖူးလား။ကိုယ်ကမလှဘူး၊မခန့်ဘူး၊မချောဘူးဆိုပြီး little voice လေးတွေနဲ့ပြန်ပြောမိနေလား? သေချာတာကတော့ မိမိရဲ့ကောင်းခြင်းဆိုးခြင်းဖြစ်တည်နေမှုတွေကို လက်ခံပြီး၊ ပြန်ချစ်နိုင်တာ၊ယုံကြည်လိုက်နိုင် တာက Self-acceptance စတင်မွေးဖွားခြင်းပါပဲ။
-
209
Habits define the future.
အလေ့အကျင့်တွေက အနာဂတ်ကို သတ်မှတ်ပေးပါတယ်။ဘာကြောင့် တချို့လူတွေက သူတို့ရဲ့ အိပ်မက်တွေကို အလွယ်တကူ ရယူနိုင်တယ်လို့ထင်ရပြီး တချို့ကတော့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ရုန်းကန်နေရတာလဲ? ဒီမေးခွန်းအတွက်အဖြေကတော့ သူတို့ရဲ့ အလေ့အကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အလေ့အကျင့်တွေဆိုတာကျွန်တော် စိတ်ထဲကနေ တွေးနေ စရာမလိုဘဲ ထပ်ခါတလဲလဲ လုပ်မိနေတဲ့ အရာတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ ဘဝကို ပုံသွင်းပေးနိုင်တဲ့ အရာတွေလဲ ဖြစ်ပါ တယ်။ အလေ့အကျင့်တစ်ခုကိုလုပ်ဆောင်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ စိတ်ကျေနပ်မှု, စိတ်သက်သာရာရမှုလိုမျိုး ခံစားရပါတယ်။ ဒီလိုမျိုး ခံစားချက်ကအလေ့အကျင့်တွေကို အားပေးပြီး နောက်ထပ် ထပ်လုပ်စေပါတယ်။ အချိန်ကြာလာတဲ့နဲ့အမျှ ဒါကချိုးဖျက်ဖို့ အတွက် ခက်ခဲတဲ့ စက်ဝန်းတစ်ခု ဖြစ်လာပါတယ်။ အလေ့အကျင့်တွေကကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ထပ်ခါတလဲလဲ Feedback တွေဖန်တီးပေးနေပါတယ်။ ဒီလိုနဲ့ အလေ့အကျင့်တွေ ဖြစ်လာပါတယ်။
-
208
We All Have A Strong Reason To Be Happy.
မိမိကိုယ်ကို Focus ထားတဲ့အခါ ကိုယ့်ဘဝရဲ့ ရှင်သန်ချင်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှာတွေ့နိုင်ပြီး၊ အရှုပ်ထုပ်တွေကို Focusထားရင်တော့ ဘဝမှာ မလိုလားအပ်တဲ့ စိတ်ညစ်စရာတွေသာပိုမိုများပြာလာပါလိမ့်မယ် ။ ပျော်ရွှင်ခြင်းကို အနှောင့်ယှက် ပေးတတ်တဲ့ အတိတ်ကအရိပ်မဲတွေကိုလည်း မေ့ထားလိုက်ပါ ။ နေ့သစ်မှာ ဘဝသစ်နဲ့ပိုပျော်တဲ့သူဖြစ်အောင်သာနေထိုင်ပါ ။ အတိတ်ဟာ ပြီးဆုံးသွားပြီး ၊ အမှားတွေဟာ နောက်မှာကျန်ခဲ့ပါပြီ ။ အမှားမရှိသေးသော ၊ ဖြူစင်သော အနာဂတ်ကိုသာ မေတ္တာအပြည့်နဲ့ဖြတ်သန်ဖို့ ကြိုးစားပါ။ သူတစ်ပါးဘဝကို ကြည့်ပြီးတော့လည်း အားမငယ်ပါနဲ့ ။ မပျော်ရွှင်ရခြင်းရဲ့ဇာစ်မြစ်ဟာ ကိုယ့်ကိုကိုယ် သူများနဲ့ နှိုင်းယှဉ်ခြင်းက စတယ်ဆိုတာလူတိုင်ကြုံရဖူးမှာပါ ။ ကံတရားအကျိုးပေးတွေ ၊ ဘဝတွေဟာ မတူညီတဲ့အတွက် ကိုယ့်ဘဝကိုကျေနပ်စွာ လက်ခံ နိုင်ဖို့ အရေးကြီးသလို ကိုယ့်ဘဝရဲ့ကျေးဇူးတင်စရာကောင်းတဲ့အချက်တွေကိုလည်း မြင်အောင်ကြည့်တတ်ဖို့လိုအပ်ပါတယ် ။
-
207
Learn from past failures and create a ladder to success.
ပြီးခဲ့တဲ့အတိတ်မှာ ကျွန်တော်တို့အတွက် စိတ်တိုင်းမကျတာ၊ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိခဲ့မှာပါ။ ဒါတွေကို အတိတ်ကာလမှာပဲထားခဲ့လိုက်ပြီးတော့ နောင်လာမယ့်အနာဂတ်နေ့ရက်တွေမှာ ပိုမိုကောင်းမွန်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ပဲ အာရုံစိုက်ပါ။ အတိတ်က နောင်တတွေ၊ အမှားတွေထဲက ရုန်းထွက်ခဲ့ပါ။ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တစ်လျှောက် နောင်တတွေ၊အမှားတွေ၊ ကျရှုံးမှုတွေ ရှိခဲ့နိုင်ပါတယ်။ အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ကျရှုံးမှု တွေထဲမှာ ရုန်းမထွက်နိုင်ဘဲ စိတ်ဓာတ်ကျနေရင် ဘဝတိုးတတ်ရေး မှာ ကြီးမားတဲ့အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတိတ်က ကျရှုံးမှုတွေကို သင်ခန်းစာ ယူပါ၊သင်ယူပြီး တိုးတက် အောင်မြင်ရေးအတွက် လှေကားထစ် အဖြစ်ဖန်တီးလိုက်ပါ။
-
206
If You Don't Use Your Brain, You Become Lethargic.
ကျွန်တော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ငန်းခွင်မှာသာမက ကိစ္စတော်တော်များများကို ဦးနှောက် ကို အသုံးချပြီး ဆုံးဖြတ်ရတာပါ။ ဦးနှောက်ကို မသုံးပဲထားရင် ထုံထိုင်းသွားတတ်ပြီး အမြဲတမ်းသွေးနေမှာထက်မြက်လာမှာပါ။ ဦးနှောက်ကို အမြဲတမ်းသွေးနေခြင်းက မယုံနိုင်လောက်အောင်ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးလာခြင်း၊အိုမင်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု နှောင့်နှေးခြင်း၊သိမြင်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း စတာတွေ အပြင် ကောင်းမွန်သော အကျိုးတွေရရှိနိုင်ပါတယ်။ ဒီလိုအကျိုးတွေကို ကျွန်တော်တို့ လုပ်ငန်းခွင်မှသာမက ကိုယ့်ဘဝအတွက်လည်း ကောင်းကောင်း အသုံးချနိုင်ပါတယ်။ စာအုပ်အများအပြားဖတ်သူများကစာမဖတ်သူများထက် အချက်အလက်များကို ပြန်လည်သိမ်းဆည်းရာတွင် ပိုမိုကောင်းမွန်တယ် လို့ဆိုထားပါတယ်။ ဒါ့အပြင် စာအုပ်ဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေသည်သာမကအာရုစူးစိုက်မှုအားကိုလည်း ကောင်းလောစေပါတယ်။ ဒါ့ကြောင့် နယ်ပယ်ပေါင်းစုံလင်စွာ စာအုပ်များကို ဖတ်ရှုပေးသင့်ပါတယ်။
-
205
Remember it’s okay to not to be okay.
ကျွန်တော်တို့တွေ တစ်နေ့တာမှာ စိတ်တွေတင်းရင်းပြီးနေတာ၊ ငါအဆင်မပြေနေတာမှန်းသိပြီး လက်မလျှော့ချင်ဖြစ်နေမိလား...?လက်မခံချင်နေတာမျိုး...၊ ငါစိတ်ဓာတ်ကျသွားလိုက်ရင် ငါများတခုခုမှားသွားမှာလား၊ငါကမူမှန်တော့ရဲ့လား စတဲ့ ကြိုတင်စိုးရိမ်မှု တွေနဲ့ တစ်နေ့တာမှာခံစားချက်တွေမြိုသိမ့် ရတာတွေများလို့ မွန်းကျပ်မှုတွေပြည့်နှက်နေနိုင်ပါတယ်။ဒီလိုမျိုးအတွေ့အကြုံကို ခံစားရတဲ့ရက်တွေရှိခဲ့ဖူးကြမယ်ထင်တယ်။ မိမိအနေနဲ့အတွေးတွေလွန်နေတဲ့အခါတဖြည်းဖြည်း စိတ်တွေကမွန်းကျပ်သလိုဖြစ်တယ်။ စိတ်ကိုပြန်ဆွဲယူရတာများတယ်။အလုပ်တခုခုမှာအာရုံစိုက်ပြီးလုပ်ဖြစ်ပေမဲ့ အတွေးက နယ်ကျော်တတ်တယ်။ စိတ်ထဲမှာတော့ ဒီလိုမျိုးဖြစ်နေတာဘ၀င်မကျဖြစ်နေတယ်ဆိုပါတော့။ ဘာဖြစ်လို့ ဒီလိုမျိုးကြီးဖြစ်နေတာလဲ? ငါက အဆင်ပြေနေရဲ့သားနဲ့ ဘာဖြစ်လို့ ဒီစိတ်ကြီးဖြစ်နေရသလဲလို့ မေးမိတတ်ကြပါတယ်။ ဒီလိုဖြစ်နေတဲ့စိတ်ကို ဘယ်လိုကုစားကြမလဲ။
-
204
Rediscover Yourself And Step Forward With Full Energy.
လူ့သဘာ၀အရ ဘေးကဘာဖြစ်နေလဲ၊ ဘာပျက်နေလဲဆိုတဲ့အပေါ်မှာ စိတ်၀င်တစားရှိနေကြတာတော့မဆန်းပါဘူး။ ဘယ်သူ တော့ဘာဖြစ်သွားပြီး၊ဘာလုပ်လိုက်ပြီး၊ ဘယ်သွားပြီး ဘာစားလိုက်ပြီးနဲ့ သတင်းတွေကို လိုက်လှန်လောနေမိတာကဖြစ်တတ်တဲ့ အကျင့်တွေပါ။ တွေ့မြင်နေတာတွေကို အားကျမိတယ်၊ ဒါမှမဟုတ် မနာလိုမိတယ်၊မိမိဘ၀နဲ့ တိုင်းတာပြီးအလိုမကျဖြစ်မိတယ်၊ ခံစားရတယ်၊ ငါကတော့ဖြင့် သူတို့လိုဘယ်တော့များဖြစ်မလဲနဲ့ ရင်ထဲမကောင်းတာ၊ ၀မ်းနည်းတာ၊ ယူကျုံးမရဖြစ်နေတာ။ ဒီလိုနဲ့သံသရာလည်သွားတယ်မဟုတ်လား။ ဘေးကဖြစ်နေတဲ့အချင်းအရာတွေအပေါ်သွားပြီးပြောင်းလဲလို့မရတာသေချာတယ်။ဘာကိုပဲပြောင်းလဲမလဲ ဆိုရင် အိုကေ ငါ့ဘ၀မှာ ငါဘာဖြစ်ချင်နေတာလဲ? ဘာလုပ်ချင်နေတာလဲ?အမှန်တကယ်မိမိကိုယ်ကိုယ် ဘယ်အလုပ်တွေ လုပ်နေတဲ့သူ အဖြစ်နဲ့တွေ့မြင် ချင်မိတာလဲ?အပြင်က mainstream မှာဖြစ်ပျက်နေတဲ့အတိုင်း လိုက်ဖြစ်စရာမလိုတာကိုသတိချပ်ရပါမယ်။
-
203
No One Can Stand High Without Self-Awareness.
မိမိလက်ရှိရောက်နေတဲ့နေရာဌာန၊လုပ်နေကိုင်နေတဲ့အလုပ်၊ သင်ယူနေတဲ့အရာ စတဲ့အရာတွေဆီ တွန်းပို့ လိုက်တဲ့ နောက်ကွယ် ကကြိုးကိုင်ထားတဲ့အချက်က ‘မိမိကိုယ်ကိုယ် နားလည်သိရှိမှု’ self-awareness ပဲဖြစ်ပါတယ်။ ဒီလိုအသိ တွေမရှိရင် လောကမှာ ရပ်တည်ဖို့တောင်မလွယ်ပါဘူး။အကြောင်းက ဒီလိုနားလည်သိရှိမှု မရှိရင် မိမိက အထိန်းအကွပ်လွတ်သွား ပြီးလုပ်ချင်ရာကို လုပ်နေမိတော့မှာဖြစ်လို့ပါ။ နေချင်သလိုနေမယ်၊စားချင်သလိုစားမယ်၊ သွားချင်သလိုသွားမယ်၊ မိမိလုပ်နေတဲ့လုပ်ရပ်မှန်၏မှား၏ကိုစဥ်းစားဖို့ဆိုတာမဖြစ်နိုင်၊ မိမိကသာအကုန်မှန်နေတယ်၊ ဘေးကလူတွေကမှားနေတယ်၊ မတရား ဘူးစသဖြင့်ပေါ့။ လူတိုင်းမှာတော့ လုံး၀ဥဿုံ နားလည်မှု မရှိတာတော့မဟုတ်ဘူး။အတိန်အနက်ကွာသွားနိုင်မယ်။ ဒါမှ မဟုတ် မိမိလုပ်နေတဲ့ အလုပ်တွေ၊ရောက်နေတဲ့နေရာဌာနတွေ၊ သွားနေ၊လာနေ၊စားနေတဲ့ အရာတွေအပေါ်ကိုရောပြန်ပြီး မေးခွန်း တွေထုတ်နိုင်ဖို့ကself-awareness ကောင်းမွန်စွာ ရှိဖို့ လိုလာ ပါတယ်။
-
202
Self-awareness Is The Main Key.
မိမိလက်ရှိရောက်နေတဲ့ဘ၀ အပိုင်းအခြားကိုပြန်ပြီးကြည့်လိုက်ပါ။ ဘယ်နေရာမှာလဲ? ဘာလုပ်ကိုင်နေလဲ? ဘယ်ကိုဦးတည်သွား နေလဲ? ပြီးရင် ဘာကြောင့်မို့လို့ ဒီနေရာကြီးကိုရောက်နေရလဲ? ဒါမျိုးတွေကိုပြန်မေးကြည့်ဖြစ်လား၊မေးကြည့်ပြီးရင်ရော ဘာ အဖြေတွေထွက်လာလဲ? ထွက်လာတဲ့အဖြေတွေထဲမှာ ဖြစ်နိုင်ချေတွေက ဒီနေရာကိုငါကလာချင်တဲ့အတွက် ဒါမှမဟုတ် တစ်စုံတစ်ဦးကြောင့် ငါဒီနေရာကို ရောက်လာခဲ့ရတယ်။ ငါ့ရဲ့စိတ်ထဲကအသံတွေကိုနားထောင်လိုက်ဖြစ်တာကြောင့်ဒီနေရာကိုရွေးလိုက်မိတယ်ဒါမှမဟုတ် ဘေးကလူ တွေလည်း ဒီလိုပဲလုပ်နေလို့ငါလည်းလိုက်လုပ်မိတယ်။ ဒီအချက်တွေကိုပြန်ပြီးချုပ်လိုက်ရရင် ၁။မိမိရဲ့စိတ်အတွေးတွေရဲ့ခေါ် ဆောင်မှုကြောင့်ပါမယ်၊၂။မိမိရဲ့ရွေးချယ်မှုတွေကြောင့်ပါမယ်၊ ၃။ ပြီးရင် မိမိရဲ့ အသိ, သတိတွေကြောင့်ပါမယ်။
-
201
Some Optimism Can Cause Toxic.
လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ကောင်း တယ်။အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာ ဟာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။ အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံတော့ပဲ ငြင်းပယ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။တစ်ချို့အခြေအနေတွေမှာ စိတ်ပင်ပန်းရတဲ့အခါ မကောင်းတာတွေ ကြုံရမယ်။ စိတ်ပင်ပန်းတယ်။စိတ်ဖိဆီးတယ်။ အနားယူဖို့ လိုအပ်လာတဲ့အခါတွေမှာ အရာရာကိုအကောင်းအတိုင်းလက်ခံရမယ်ဆိုပြီး အတင်းအကျပ်ဖိအားပေးတာဟာ အလုပ်မဖြစ်ပါဘူး။ကျွန်တော်တို့ စိတ်တွေဟာ မြင်ရတဲ့အရာတွေမဟုတ်တာကြောင့် အခြေအနေအရဖြစ်ပေါ်လာတဲ့စိတ်ကို အတင်းအကျပ်ဖိအားပေး နေတာတွေဟာ စိတ်ကော လူကောပိုမိုပြီး ပင်ပန်းစေပါတယ်။ရလာတဲ့ ရလဒ်ကလည်း စစ်မှန်မှုမရှိပဲ အတင်းအကျပ်ဖိအားပေး ခြင်းကြောင့်သာရရှိလာစေမှာပါ။ ဒါ့ကြောင့်မို့ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းတွေချည်းပဲမြင်ဖို့၊ လက်ခံဖို့ အတင်းအကျပ် ဖိအားပေးနေခြင်းဟာ ကျွန်တော်တို့အတွက် အဆိပ်ခပ်နေသလိုပါပဲ။
-
200
Our Daily Habits, Attitudes Are The Foundation Of Our Future.
ကျွန်တော်တို့ရဲ့ နိစ္စဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာ ရှိပါတယ်။စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ် မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်း နေပါလိမ့် မယ်။ကျွန်တော်တို့ရဲ့ နေ့စဉ် အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေဟာ ကိုယ့်အနာဂတ်ရဲ့အခြေခံအုတ်ချပ်တွေ ဖြစ်တာ ကြောင့် သေချာ ဂရုတစိုက်ပြုပြင်တည်ဆောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ စိတ်ရော ခန္ဓာကိုယ်ရောဟာ သက်တောင့်သက်သာဖြစ်မှုကိုအင်မတန် နှစ်ခြိုက်ပါတယ်။ သက်တောင့်သက်သာ နေ ချင်တယ်။ အေးအေးလူလူနေချင်ကြတယ်။ဒါတွေဟာ သဘာဝပဲ ဆိုပေမယ့် လိုအပ်တာထက် စိတ်ကိုအလိုလိုက်မိရင်တော့ ကိုယ်လုပ်ချင်တဲ့အစီအစဉ်တွေ စည်းကမ်းတွေပျက်ကွက်လာပါလိမ့်မယ်။ ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းတွေ ၊အစီအစဉ်တွေကို သတ်မှတ်ထားတဲ့အတိုင်းမလုပ်နိုင်ခြင်းဟာ ကိုယ့်ဘာသာကို ပျက်ဆီးစေဖို့လမ်းစတည်တဲ့ အကြောင်းအရာတွေထဲက တစ်ခုပါပဲ။ ဒါ့ကြောင့်မို့ကိုယ်ဟာ အနာဂတ်တစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်ခြင်တဲ့သူတစ်ယောက် ဆိုရင် စိတ်အလိုလိုက်တတ်တဲ့ အကျင့် ကိုတတ်နိုင်သမျှ ဖျောက်ဖျက်ဖြစ်ရပါမယ်။
-
199
Some Expectations Can Lead To Success In Life and Some Expectations Can Cause Pain.
ကိုယ်စေတနာထားရင် ထားသလောက်အဲ့ဒီလူဆီက စေတနာတွေပြန်ရမယ်။ ကိုယ်ချစ်ရင် ချစ်သလောက် အဲ့ဒီလူဆီက အချစ် တွေ ပြန်ရမယ်။ ကိုယ်ကောင်းရင်ကောင်းသလောက် အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ်။ လူတွေအပေါ်မှာ ကိုယ်ပေးရင် ပေးသလောက်သူတို့ဆီက ပြန်ရမယ်လို့ လူတော်တော်များများတွက်ကြလိမ့်မယ်လို့ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းတွက်ခဲ့မိပါတယ်။ အဲ့လိုတွက်ခဲ့မိတဲ့အတွက်ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အမှန်ပဲ။ တကယ်တန်း လူတွေဆီကနေ ကိုယ်ပေးသလောက် ပြန်ရဖို့ မဆိုထားနဲ့.ကိုယ်ပေးတာနဲ့ ဆန့်ကျင်ဘက် ကိုတောင်သူတို့က ပြန်ပေး တတ်ကြပါသေးတယ်။ စေတနာတွေကိုသိတတ်ရမယ့်အစားသူတို့ဟာ စော်ကားနိုင်တယ်။ အချစ်တွေကို ပြန်ပေးရမယ့်အစား သူတို့ဟာမုန်းတီးနိုင်တယ်။ အကောင်းတွေ ပြန်ဖန်တီးရမယ့်အစား သူတို့ဟာအဆိုးတွေပေးနိုင်တယ်။ဒါဟာ လောကရဲ့ အမှန် တရားတွေထဲက တစ်ခုပါပဲ။
-
198
The Past Is Irrelevant To The Present And The Future.
အတိတ်က ကိုယ်ဘာလုပ်ခဲ့သလဲ ၊ကိုယ်ဘယ်လိုလူဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်ပဲသိလိမ့်မယ် ။ သေချာတာတော့ အဲ့ဒီအတိတ်တွေကခုချိန်မှာ သိပ်အရေးမပါတော့ဘူး ။ ဒါ့ကြောင့် အတိတ်က မပြည့်ဝမှုတွေကိုနောင်တရမနေပါနဲ့တော့။ အတိတ်က ကိုယ့်ကို မလိုအပ် တော့ဘူး။ ရှေ့လျှောက်ရမဲ့အနာဂတ်ကသာ ကိုယ့်ကိုအလိုရှိနေတာ ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ ၊ ရည်မှန်းချက်တွေကကိုယ့်ကို လိုအပ်နေတာ ။ ဒါ့ကြောင့် မလိုအပ်တဲ့အရာအတွက် ကိုယ့် Energy တွေကို အသုံးမချပါနဲ့ ။လူတွေရဲ့ အတွေးတွေဟာ အတိတ်ကို အမြဲအလည်ပြန်ချင်နေကြတာပဲ ။ အတိတ်က နာကျင်မှုတွေဟာ ကိုယ်က ပြန်ပြီးတော့ အစမဖော်မချင်းအသစ်ဖြစ် မလာဘူး ဆိုတာ သတိထားပါ ။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ ဘာကိုမှ ပြုပြင်နိုင်စွမ်းမရှိတော့ဘူး ။ အတိတ်ဟာကိုယ်လွှမ်းမိုးသက်ရောက်နိုင်စွမ်း မရှိတဲ့ နေရာပဲ ။ ကိုယ်အသုံးမကျခဲ့တာတွေအတွက်နောင်တရတယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ်ခွင့်လွှတ်လိုက်ပြီး ခုချိန်မှာ ပိုကြိုးစားပါ။ ခွင့်လွှတ် နိုင်မှ မေ့ပစ်နိုင်မှာ မဟုတ်လား။
-
197
If You Go Through The Day With A Fixed System, You Will Not Be Able To Achieve Huge Success.
ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် တစ်နေ့တာကိုအောင်မြင်မှုရယူပါ။ ဒီအချက်လေးကို ဘယ်ကနေ ပိုပြီးမြင်တတ်သွားလဲဆိုရင် သန်း ကြွယ်သူဌေးကြီးDan Lok ရဲ့ ဗီဒီယိုတစ်ခုမှာ သူပြောသွားခဲ့တယ်၊ အဲ့ဒါက ကိုယ့်ရဲ့တစ်နေ့တာမှာဘယ်အချိန်ထ ဘယ်အချိန် ဘာလုပ်ဆိုတဲ့ ပုံသေစနစ်ချည်းနဲ့ သွားရင် လူတော်တော် များများအတွက်ခရီးမရောက်ကြဘူးတဲ့။ အကြောင်းကတော့ ကျွန်တော် တို့ အားလုံးက များသောအားဖြင့်ပျင်းရိကြတဲ့ထဲမှာ ပါတယ်။ ဒါ့ကြောင့်လည်း တကယ့်အောင်မြင်သူတွေက ၁% ဆိုတဲ့ အနည်း အကျဉ်းလောက်ပဲရှိတယ်မဟုတ်လား။ ပုံသေကားချပ်နဲ့သွားရတဲ့အခါစိတ်ထဲမှာမလုပ်ချင်ပေမဲ့ လုပ်ရတယ်၊ ဆိုတော့ အရမ်းကြီး စိတ်နစ်ထားလို့မရတဲ့အခါတွေ ရှိလိမ့်မယ်။ တစ်ချို့လူတွေအတွက်တော့ လုပ်ရင်းလုပ်ရင်း အကျင့်ပါသွားတယ်။ဒီလိုလုပ်နိုင်ရင်တော့ အရမ်းကောင်းပါတယ်။ အချိန် တွေကိုကိုယ်ကပြန်ခိုင်းထားနိုင်တော့ ပိုပြီး တစ်နေ့တာခရီးတွင်ပါတယ်။ တဖက်မှာလည်းတစ်နေ့တာကြီးက ရာသက်ပန်ကိုယ် ပြင်ဆင်ထားသလိုမဖြစ်လာတာလည်း ထည့်သွင်းစဥ်းစားရပါမယ်။ဥပမာကိုယ်က ဖျားနာတာတို့၊ အရေးပေါ်အပြင်ထွက်ရမှာတို့၊ တစ်စုံတစ်ဦးကကိုယ့်ကိုအလိုရှိနေတာတို့ဆိုရင် ကိုယ်ချမှတ်ထားတဲ့တစ်နေ့တာဟာအစီစဥ်ပျက်နိုင်ပါတယ်။
-
196
Really Useful People Are Honest People.
လောကမှာဘယ်နေရာမှ အသုံးမဝင်တဲ့လူရယ်လို့ မရှိပါဘူး။ တစ်ဦးတစ်ယောက်အတွက်“သို့မဟုတ်” တစ်နေရာရာမှာတော့အသုံးဝင်စမြဲပါပဲ။ တချို့က ပညာတတ်လို့ ငွေကြေးချမ်းသာလို့ အသိုင်းအဝိုင်းကောင်းလို့ရုပ်ရည်လှပလို့ စကားပြောကြွယ်ဝလို့ ဆိုပြီး ဒီလို စသည် စသည့်အကြောင်းတွေကြောင့်အသုံးဝင်ကြ နေရာတွေ ရတတ်ကြပါတယ်။ သေချာစဉ်းစားကြည့်တဲ့အခါ ကျတော့ ဒါတွေကအကန့်အသတ်တစ်ခုရဲ့ ဘောင်အတွင်းမှာပဲ အသုံးဝင်နိုင်တာပါ။ တကယ်တော့ လောကကြီးမှာဘယ်တော့ မှ တန်ဖိုးကျမသွားတာက ရိုးသားမှုဆိုတဲ့ ဂုဏ်ဖြစ်ပြီးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်အသုံးဝင်တာက အမှန်တကယ် ရိုးသားတဲ့သူ တွေပါ။ ကျွန်တော်တို့တွေ ဘယ်အခြေအနေရောက်ရောက် ရိုးသားကြမယ်။ဘယ်လိုအခက်အခဲမျိုးတွေ ကြုံကြုံ ရိုးသားမှုကို မစွန့်လွှတ်ဖို့ လိုတယ်။ ဆင်းရဲရဲချမ်းသာသာ ဖြူဖြူ မည်းမည်း မဖြစ်မနေ ရိုးသားနေဖို့ လိုတယ်။ ချစ်တဲ့သူတွေကပျော်ရွှင်စရာတွေ ပေးမယ်။ မုန်းတဲ့သူတွေက စိတ်ညစ်စရာတွေ ပေးမယ်။ဘာပဲဖြစ်ဖြစ် ကိုယ်က အမြဲ ရိုးသားနေရမယ်။ လိုတဲ့သူတွေက လက်တွဲခေါ်မယ်။ မလိုတဲ့သူတွေကတွန်းချကြလိမ့်မယ်။ မိတ်ဆွေတွေက အားပေးကြလိမ့်မယ်။ ရန်သူတွေကနှောက်ယှက်ကြလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ရိုးသားမှုကို လက်ကိုင်ထားရမယ်။
-
195
To inspire people, you need to be a leader.
Creator တွေ coach တွေအနေနဲ့မိမိတို့ကိုယ်တိုင်ပြော နေကြတာတွေကိုကိုယ်တိုင်လည်းလိုက်လုပ်ဖို့ဆိုတဲ့မေးခွန်းကို ဖြေရတာ အလွန်တာ၀န်ကြီးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ကိုယ်တိုင်မလျှောက်လှမ်းဖူးတဲ့လမ်းကို သူများကို လျှောက်ပါလို့ ပြောနေတာ မျိုးနဲ့တူပါတယ်။ဒါမျိုးက ပြောနေတာသာ အဖတ်တင်သွားတယ်၊ မိမိအနေနဲ့ လက်ဆုတ်လက်ကိုင်မပြနိုင်တာမျိုးဖြစ်နေတတ်ပါ တယ်။ စာသားတွေကို ဖတ်ရသူ၊ မြင်ရသူတွေအတွက်ခွန်အားဖြစ်စေတာတော့အမှန် ဒါပေမယ့် ကိုယ်တိုင် ရှေ့ဆောင်လမ်းပြ မလုပ်နိုင်သေးတဲ့အခြေအနေမှာမိမိကိုယ်အားကျလေးစားပြီးလိုက်လုပ်မဲ့ သူတွေအတွက် စဥ်းစားစရာ ဖြစ်တယ်ဆိုတာအမှန်ပါ။ လူတွေကို စိတ်ဓာတ်လှုံ့ဆော်မှု (Inspiration) ပေးဖို့ဆိုရင် ခေါင်းဆောင် (Leader) ဖြစ်နေဖို့လိုပါတယ်လို့ ကျွန်တော်ကတော့ ခံယူထားပါတယ်။ဘာကြောင့်ခေါင်းဆောင်ဖြစ်နေရမလဲဆိုတဲ့မေးခွန်းအောက်မှာ အချက် (၃)ချက်ရှိပါတယ်။
-
194
If you want to be successful in life, you need to invest in yourself.
ဘဝမှာ အောင်မြင်တိုးတက်ချင်ရင် မိမိကိုယ်ကိုယ်ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံတယ်ဆိုတာကလက်ရှိအရည်အချင်းတွေကို တိုးတက်အောင်လုပ်ပြီး နောက်ထပ် အရည်အချင်းအသစ်တွေကိုလေ့လာသင်ယူတာပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်မယ့် နည်းလမ်းတချို့ဆိုရင် စိတ်ဝင်စားမလား။ စာဖတ်ခြင်းဟာအောင်မြင်မှုအတွက် အရေးပါးတဲ့အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ စာအုပ်စာပေတွေက သင့်အတွက်အသစ် အသစ်သော အကြောင်းအရာတွေ၊ ပညာရပ်တွေကို ပေးစွမ်းနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ သင်မရောက်ဖူးသေးတဲ့ နေရာ တွေအကြောင်း သိရနိုင်သလို တစ်ခါမှမစဉ်းစားမိဖူးတဲ့ စိတ်ကူးတွေလည်းရလာစေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်ရက်ဆက် စာဖတ်ဖို့ကိုမပျက်မကွက်လုပ်ဆောင်သင့်ပါတယ်။ သင့်ရဲ့ တစ်နေ့တာ ဒါမှမဟုတ် တပတ်မှာ စာဖတ်ဖို့အချိန်သတ်မှတ်ထားပေးဖို့ လိုပါတယ်။
-
193
Uncertainty is the only certainty there is, and knowing how to live with insecurity is the only security.
ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါ။စိတ်တွေမပျော်ရတဲ့အချက်တစ်ခုက ကျွန်တော်တို့ ရဲ့ထိန်းချုပ်မှု အောက်မှာမရှိနေတဲ့အရာတွေကို သွားပြီး ထိန်းချုပ်ချင်ကြတဲ့ အကျင့်တွေကြောင့်ဖြစ်ပါတယ်။အဓိကတော့ ကိုယ်ဖြစ်စေချင်သလို မဖြစ် လာတဲ့အခါ စိတ်ထဲမချမ်းမကျေ ဖြစ်ကြတယ်။ မဖြစ်လာမဲ့အရာတွေကိုတွေးပူပြီး ကြောက်ရွံ့နေခြင်း။ ကျွန်တော်တို့ယာဥ်တွေစီးပြီး ခရီးသွားကြ တဲ့အခါ ကြုံရတဲ့အချက်လေး တွေရှိတယ်။ အဲ့ဒါက လေယာဥ်၊ကား၊ သင်္ဘော၊ ဆိုင်ကယ် စတဲ့ယာဥ်တွေစီးတဲ့အခါ အရှိန်ကို ကြောက်ရွံ့တာတို့၊ မတော်တဆ ဖြစ်မှာကို စိတ်ထဲမှာတွေးပြီးခရီးစဥ်တလျှောက် မပျော် နိုင်ပဲ စိုးရိမ်စိတ်တွေနဲ့ ခရီးဆုံးရောက်တဲ့အထိကုန်ဆုံးသွားကြရတယ်။ ပြန်စဥ်းစားကြည့်ရတော့ လမ်းထဲမှာ ဘာမှမဖြစ်ခဲ့ပဲရောက်ခဲ့တာဖြစ်လို့ ပျော်ရွှင်ပြီးရောက်သွားရင် မတန်ဘူးလား။
-
192
Blame is a main source of problems that can grow.
ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူအပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ့်ပြဿနာတွေအပေါ် ခံစား နေရတဲ့ဝန်တွေပေါ့သွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ပြဿနာတွေဟာ ပြေလည်သွားတတ်တာမျိုးမဟုတ် ပါဘူး။ အပြစ်တင်လိုက်ခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ခံစားနေရတဲ့ဖိအားတွေကို တစ်ခြားသူတစ်ယောက်ကို ပုံချ လိုက် တာ ၊ အာရုံပြောင်းလိုက်တာ ၊လွှဲချလိုက်တာဟာ ကိုယ့်ကို တခဏလေးတော့ဝန်ပေါ့သွားသလို ခံစားရစေတတ်ပါတယ်။ ဒါဟာကိုယ့်ဘာသာ လှည့်စားလိုက်တဲ့ နည်းတစ်မျိုးပဲဖြစ်ပြီး တခြားသူကိုဝန်သွားပိုပိစေပါတယ်။ ဒါ့အပြင် ပြဿနာဟာ ပြေလည်သွား ခြင်းမရှိပဲဒီအတိုင်းဆက်ရှိနေမှာဖြစ်ပြီး ပြဿနာတွေ မပြေမလည်မခြင်း ဒီ ဖိအားတွေကိုပြန်လည်ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မို့လို့ ပြဿနာတွေ ဖိအားတွေနဲ့ ကြုံတွေ့လာရင်အပြစ်တင်လိုက်တာဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။
HOSTED BY
Padamyar FM
CATEGORIES
Loading similar podcasts...