EPISODE · Oct 16, 2025 · 3 MIN
It is Necessary To Have An Organized Mind In Order To Achieve Everything That Is Planned And Expected.
from ဒီနေ့အတွက်စကား · host Padamyar FM
တကယ်လို့ ကျွန်တော်တို့ရဲ့ ဦးနှောက်ကသာ အိမ်အကြီးကြီးတစ်လုံး ဖြစ်မယ်ဆိုရင်ဆိုပြီး တွေးမိဖူးပါသလား။ အဲလိုတွေးမိခဲ့ ရင် အဲဒီအိမ်အကြီးကြီးထဲမှာ ဘာတွေကို ဖြည့်သွင်းထားရမယ်လို့ ထင်ပါသလဲ။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဦးနှောက်စာ လှပပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်တစ်လုံးအနေနဲ့ မဟုတ်ဘဲ အချိန်တိုင်း ထပ်ခါထပ်ခါ ပြင်ဆင်မှုတွေ ပြုလုပ်နေရတဲ့ အိမ်အို ဟောင်းကြီး တစ်ခုလိုဖြစ်နေပါလိမ့်မယ်။ဒီအိမ်ကြီးလိုပဲ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာအချက်အလက်တွေ အပြည့်နဲ့ ရှုပ်ပွ နေပါတယ်။ မှတ်သားထားခဲ့တဲ့ မှတ်ဉာဏ်တွေ၊ ချမှတ်ခဲ့တဲ့ အစီအစဉ်တွေ၊ စိတ်ကူးတွေ အစရှိတဲ့ အရာတွေနဲ့ ပြည့်နေပါတယ်။ နောက်ပြီးဒီအချက်အလက်တွေ အကုန်လုံးက သေချာ အစီအစဥ်တကျ ရှိနေတာမျိုး မဟုတ်ပါဘူး။ ဦးနှောက်က သူ့ထဲကို ဝင်လာသမျှ အချက်အလက်တွေ အကုန်လုံးကို အဆင်ပြေသလို မှတ်သားယူလိုက်ပါတယ်။ ရှုပ်ထွေးတဲ့ လုပ်ဆောင်မှုစနစ်တွေနဲ့ အရေးကြီး ဦးစားပေးသင့်တဲ့ အရာတွေ၊ သိုလှောင်ထားရမယ့် အရာတွေ၊ ပြန်လည် ထုတ်သုံးရမယ့်အချက်အလက်တွေဆိုပြီး ခွဲခြမ်းလုပ်ဆောင်လေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာ ဒီလိုစနစ်နဲ့အလုပ်လုပ်ဆောင်နေရာကနေ ပုံမှန်မဟုတ်ဘဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတာမျိုးတွေလည်းရှိတတ်ပါတယ်။ ကိုယ်က စိတ်ချလက်ချ ယုံကြည်ထားလို့ မရပါဘူး။ ဥပမာ – ကိုယ့်ရဲ့သော့ကို ဘယ်နေရာမှာ ထားမိမှန်း မသိဘဲ မေ့နေတာမျိုးတွေ၊ လူကြားထဲမှာ စကားပြောနေရင်းတန်းလန်း ဘာဆက်ပြောရမလဲ မသိတော့တာမျိုးတွေ၊ ကိုယ်ပြောနေတဲ့ အကြောင်းအရာတွေကို မေ့လျော့သွားတာမျိုးတွေ၊အလုပ်တစ်ခု လုပ်ဆောင်တဲ့အခါ အလုပ်ပြီးမြောက်မှု နည်းနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
NOW PLAYING
It is Necessary To Have An Organized Mind In Order To Achieve Everything That Is Planned And Expected.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.